Quentin Tarantino ရဲ့ နောက်ဆုံးရုပ်ရှင် ဒီနှစ်ထဲမှာ ရိုက်ကူးရေးစတော့မယ်
မတ် ၁၅၊ ၂၀၂၃။
◼ ဟောလိဝုဒ်ရဲ့အထင်ကရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Quentin Tarantino ဟာ သူ့ရဲ့နောက်ဆုံးရုပ်ရှင်ကို ရိုက်ကူးရေးစတင်ဖို့ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။
◼ Pulp Fiction, Django Unchained, Once Upon a Time.. in Hollywood တို့ရဲ့ ဒါရိုက်တာ Quentin Tarantino ဟာ သူ့ရဲ့နောက်ဆုံးရုပ်ရှင်ကို ဇာတ်လမ်းဇာတ်ညွှန်းရေးသားပြီးစီးထားပြီဖြစ်ကြောင်း The Hollywood Reporter သတင်းအရသိရပါတယ်။ အဆိုပါသတင်းအရ Quentin Tarantino ရဲ့ နောက်ဆုံးရုပ်ရှင် The Movie Critic လို့ အမည်ရပြီး ၁၉၇၀ ခုနှစ်ကာလကို ဇာတ်အိမ်တည်ပြီး အဓိကဇာတ်ကောင်ကတော့ အမျိုးသမီးဇာတ်ကောင်ဖြစ်တယ်လို့သိရပါတယ်။
◼ The Movie Critic ကို ၂၀၂၃ ဆောင်းဦးရာသီမှာ ရိုက်ကူးရေးစတင်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။
◼ အများစုကတော့ Quentin Tarantino ရဲ့ The Movie Critic ဟာ နာမည်ကျော်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်တဲ့ Pauline Kael အကြောင်းကို အခြေတည်ပြီး ရိုက်ကူးနိုင်တယ်လို့လည်းသုံးသပ်နေကြပါတယ်။
◼ Quentin Tarantino ဟာ ရုပ်ရှင်ကိုးကားရိုက်ကူးခဲ့ပြီး အဲဒီကိုးကားစလုံးဟာ ဟောလိဝုဒ်မှာနာမည်ကိုယ်စီရခဲ့ပါတယ်။
Ref: THR
McGarrett ရေးသည်။
0 Comments