Porpular

6/recent/ticker-posts

Sequel ထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ Drag Me To Hell ရုပ်ရှင်

Sequel ထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ Drag Me To Hell ရုပ်ရှင်


မတ် ၁၃၊ ၂၀၂၃။

◼ ဟောလိဝုဒ်မှာ Halloween နဲ့ Scream တို့လို slasher ရုပ်ရှင်တွေ ပြန်လည်အားယူလာနေသလို တစ်ဖက်မှာလည်း horror ရုပ်ရှင်တွေဟာ တစ်ကြော့ပြန်နေရာယူဖို့ကြိုးပမ်းလျက်ရှိပါတယ်။

◼ Spider-Man ဒါရိုက်တာ Sam Raimi ရဲ့ ၂၀၀၉ ခုနှစ်ထုတ် horror ရုပ်ရှင် Drag Me To Hell ဟာလည်း ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ နောက်ထပ် sequel ထွက်တော့မယ့် အရိပ်အယောင်တွေကို ထုတ်ပြလာနေပါတယ်။

◼ Reddit Ask Me Anything Section မှာ Sam Raimi က သူ့ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Ghost House Pictures က အဖွဲ့သားတွေဟာ Drag Me To Hell 2 အတွက် ဇာတ်လမ်းတစ်ပုဒ်ပြင်ဆင်တည်ဆောက်နေကြကြောင်းအခုလိုတည်ပြုလာခဲ့ပါတယ်။

"Ghost House Pictures က Romel Adam နဲ့ Jose Canas တို့တွေ အလုပ်ဖြစ်မယ့်ဇာတ်လမ်းတစ်ခုကို အမြန်ပြင်ဆင်နေကြပါတယ်။ ကျွန်တော်လည်းအရမ်းသိချင်နေပါပြီ။"

◼ Drag Me To Hell ဟာ ကျိန်စာနဲ့ သဘာဝလွန်ပရလောကဖြစ်ရပ်ပုံစံရုပ်ရှင်အမျိုးအစားအဖြစ်ပြီး Conjuring ရုပ်ရှင်တွေက Valak aka The Nun သရုပ်ဆောင် Bonnie Aarons လည်း ပါဝင်ထားပါသေးတယ်။

◼ Drag Me To Hell ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ သန်း ၃၀ အသုံးပြုခဲ့ပြီး ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ သန်း ၉၀ ဝန်းကျင် ပြန်လည်ရရှိခဲ့ပါတယ်။

Ref: Collider

McGarrett ရေးသည်။





Post a Comment

0 Comments