Star Wars ရုပ်ရှင်တွေကို ပိုမိုဂရုစိုက်ပြီးဖန်တီးသွားမယ်လို့ Disney မှ ပြောလာ
မတ် ၁၁၊ ၂၀၂၃။
◼ Disney ဟာ ၎င်းတို့ပိုင်ဆိုင်ထားတဲ့ franchise တွေရဲ့အနာဂတ်အကြောင်းကိုပြောပြလာရင်း အနာဂတ်မှာ Star Wars ရုပ်ရှင်တွေကို ပိုမိုဂရုစိုက်ပြီးဖန်တီးသွားမှာဖြစ်ကြောင်း အတည်ပြုလာခဲ့ပါတယ်။
◼ Solo: A Star War Story ရဲ့ ရုံတင်ငွေမအောင်မြင်မှုနဲ့ seque trilogy ရဲ့ ဝေဖန်ခံရမှုတွေဖြစ်ပေါ်ပြီးတဲ့နောက်မှာ Lucasfilm ဘက်က Star Wars ရုပ်ရှင်တွေကို အရင်ကထက်ပိုပြီး ဂရုတစိုက်ဖန်တီးသွားမှာဖြစ်ကြောင်း Disney ရဲ့ CEO Bob Iger က အတည်ပြုပေးခဲ့ပါတယ်။
◼ Star Wars ရုပ်ရှင်တွေမှာဝေဖန်ခံခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ Lucasfilm ဟာ Star Wars series တွေဖြစ်တဲ့ The Mandalorian, Andor, Bad Batch နဲ့ Obi-Wan Kenobi တို့မှာတော့ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။
◼ Morgan Stanley သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Disney ရဲ့ CEO Bob Iger က Disney ရဲ့ အနာဂတ်မဟာဗျူဟာမှာ ပမာဏထက်ပိုပြီး အရည်အသွေးကို အဓိကထားထုတ်လုပ်သွားမှာဖြစ်ကြောင်းနဲ့ ကောင်းမွန်ခိုင်မာတဲ့အနုပညာထုတ်ကုန်တွေကိုအဓိကဖန်တီးသွားမှာဖြစ်ကြောင်း ပြောပြလာပါတယ်။
◼ အဲဒီသတင်းစာရှင်းလင်းပွဲမှာ Star Wars နဲ့ ပတ်သက်ပြီး Bob Iger က အခုလိုပြောပြလာပါတယ်။
"တစ်ခုထုတ်မယ်ဆိုရင် ဒီရုပ်ရှင်ကအမှန်တကယ်ကောင်းတဲ့ရုပ်ရှင်ဖြစ်ဖို့အတွက် သေချာလုပ်သွားမယ်။ ဆိုတော့ ကျွန်တော်တို့အရမ်းဂရုတစိုက်ဖန်တီးသွားမှာပါ။"
◼ လက်ရှိ Myanmar Varient Entertainment ရဲ့ လေ့လာချက်များအရ Skywalker Saga အပိုင်းကိုးပိုင်းစလုံးမှာ Star Wars: The Rise of Skywalker ဟာ ဝေဖန်မှုအများဆုံးခံနေရတာကိုတွေ့ရှိရပါတယ်။
ပုံစာ - Disney CEO Bob Iger
Ref: ScreenRant
McGarrett ရေးသည်။
0 Comments