Porpular

6/recent/ticker-posts

ပရိသတ်ရှေ့မှောက် ရောက်လာတော့မယ် The Exorcist Reboot

ပရိသတ်ရှေ့မှောက် ရောက်လာတော့မယ် The Exorcist Reboot


မတ် ၁၁၊ ၂၀၂၃။

◼ Halloween Trilogy ကို သရုပ်ဆောင် Jamie Lee Curtis နဲ့ ရိုက်ကူးခဲ့ပြီးတဲ့နောက်မှာ ဒါရိုက်တာ David Gordon Lee ဟာ နောက်ထပ် horror ရုပ်ရှင်ကားသစ်တစ်ကားကို reboot ချဖို့ပြင်ဆင်လျက်ရှိပါတယ်။

◼ ၁၉၇၃ က ထွက်ခဲ့တဲ့ နာမည်ကျော် Horror ရုပ်ရှင် The Exorcist ကို Universal Studios နဲ့ Blumhouse ကုမ္ပဏီတို့က reboot ချသွားမှာဖြစ်ပြီး ဒါရိုက်တာ David Gordon Lee ကပဲ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

◼ Blumhouse ရဲ့ CEO ဖြစ်သူ Jason Blum က ၎င်းတို့တာဝန်ယူရိုက်ကူးနေတဲ့ The Exorcist Reboot ရုပ်ရှင်ရဲ့ ရိုက်ကူးရေးဟာ ပြီးစီးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါပြီ။

◼ မူရင်း The Exorcist ဟာ ၁၉၇၀ အစောပိုင်းနှစ်တွေမှာ ထွက်ရှိခဲ့တဲ့ The Exorcist Horror ဝတ္ထုကို အခြေခံထားတာဖြစ်ပြီး စာရေးဆရာ William Peter Blatty ကိုယ်တိုင် အမည်တူ ဇာတ်ညွှန်းအဖြစ် ပြန်လည် ရေးသားခဲ့ပြီး ဒါရိုက်တာ William Friedkin က ရိုက်ကူးခဲ့တာပါ။

◼ မူရင်း The Exorcist ဟာ အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး အသံဆုများ အပါအဝင် အော်စကာဆု ၁၀ လျာထားခြင်းခံခဲ့ရပြီး 2017 ခုနှစ်မတိုင်ခင်ထိ ဝင်ငွေအကောင်းဆုံး R-rated ဇာတ်ကား အဖြစ် ရပ်တည်ခဲ့ပါတယ်။

◼ Odom Jr. နှင့်အတူ The Exorcist reboot အတွက်  Ann Dowd၊ Lidya Jewett၊ Olivia Marcum၊ Raphael Sbarge၊ Jennifer Nettles နှင့် Okwui Okpokwasilit တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားကြတာပါ။

◼ The Exorcist reboot ဟာ ယခင်အပိုင်းတွေကို ပြန်လည်ရိုက်ကူးမှာ မဟုတ်ကြောင်း ပြောထားခဲ့ပေမယ့် Exorcist တီဗီရှိုး အပိုင်းတိုတွေမှာ မူရင်းရုပ်ရှင်ရဲ့ တိုက်ရိုက် နောက်ဆက်တွဲ ဖြစ်တဲ့ Chrisရဲ့ သေဆုံးမှုကို မြင်တွေ့ခဲ့ပါတယ်။

◼ သို့‌ပေမယ့် မင်းသမီးကြီး Burstyn က Chris ရဲ့ ဇာတ်ကောင်နေရာကို ပြန်လည် သရုပ်ဆောင်မယ်လို့ အတည်ပြုထားတာကြောင့် ဇာတ်လမ်းသဘောကို မခန့်မှန်းနိုင်သေးပါဘူး။

◼ The Exorcist reboot ဟာ ရိုက်ကူးပြီးစီးသွားပြီဖြစ်လို့ Universal ဘက်ကကြေညာချကိအတိုင်း အောက်တိုဘာ ၁၃၊ ၂၀၂၃ မှာ ကြည့်ရှုရတော့မှာပါ။

Ref: Deadline

Nova ရေးသည်။





Post a Comment

0 Comments