Transformer ထဲမှာလည်း Transgender တွေ ပါတယ်
မတ် ၁၂၊ ၂၀၂၃။
◼ Transformers Franchise ရဲ့ ၇ ကားမြောက်ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် Female Robot Arcee ဟာ LGBT ဇာတ်ကောင်ဖြစ်တယ်ဆိုတဲ့ အချက်ကြောင့် အဆိုပါ အကြောင်းအရာဟာ လတ်တလော နိုင်ငံတကာက ရုပ်ရှင်ပရိသတ်တွေကြားမှာ ဆွေးနွေးငြင်းခုန်မှုတွေ မြင့်တက်နေပါတယ်။
◼ Transformers: Rise of the Beasts ရဲ့ Trailer ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ထုတ်လွှင့်ခဲ့တုန်းက Arcee ရဲ့ ဇာတ်ဝင်ခန်းအချို့ပါဝင်လာတာဖြစ်ပြီး ဒီရုပ်ရှင်က Arcee ပါဝင်လာမယ့် ပထမဦးဆုံး Live-Action လည်း ဖြစ်ပါတယ်။
◼ IDW Comic Series ထဲမှာ Transformers တွေဖြစ်တဲ့ Anode နဲ့ Lug တို့ဟာ လိင်ပြောင်းစက်ရုပ်ချစ်သူ တွေဖြစ်တယ်ဆိုတာကို သိသိသာသာပဲ ဖော်ပြသွားခဲ့ပြီးသားပါ။
◼ ဒီ Comic Series ရဲ့ All Hail Optimus Part 3: The Medium And The Message ဆိုတဲ့ အပိုင်းထဲမှာတော့ Arcee က သူမကိုယ်သူမ 'အမျိုးသား အဖြစ်ဟန်ဆောင်ထားတယ်' လို့ ဆိုပေမယ့် တကယ်တမ်းတော့ 'အမြဲတမ်း အမျိုးသားတစ်ယောက် ဖြစ်ခဲ့တယ်' လို့ ယူဆထားတယ်ဆိုတာကို ပြသခဲ့ပါတယ်။
◼ ဒါပေမယ့် Transformers တွေထဲမှာ လိင်ပြောင်းစက်ရုပ်တွေရှိတယ်ဆိုတာကို အတိအလင်း ဖော်ပြခဲ့တာတော့ ၂၀၂၂ ခုနှစ်မှာ Paramount ကနေ Stream ခဲ့တဲ့ Transformers: EarthSpark ဆိုတဲ့ Animation ထဲမှာပါ။
◼ Transformers: EarthSpark ထဲမှာ ပါဝင်ခဲ့တဲ့ NightShade စက်ရုပ်က ငါတို့/သူတို့ ဆိုတဲ့ အသုံးအနှုန်း သုံးခဲ့တာကြောင့် လိင်ပြောင်းစက်ရုပ်တွေ တည်ရှိတယ်ဆိုတာက တရားဝင်ဖြစ်လာခဲ့တာပါ။
◼ ဒါကြောင့်မလို့ Transformers Franchise ထဲမှာ Arcee, Anode, Lug နဲ့ Nightshade တို့လို
non-binary robot တွေကို မိတ်ဆက်လာတာကို တွေ့နေရပြီး Arcee ကတော့ ဒီလို လိင်ပြောင်းစက်ရုပ်တွေထဲမှာ Live Action အဖြစ် ပထမဦးဆုံး အသက်သွင်းခံရသူ ဖြစ်လာခဲ့ပါတယ်။
Ref: Internet
Loki ရေးသည်။
🎬 Transformers: Rise of the Beasts အကြောင်း ဘာတွေသိထားလဲ
◼ Creed II ဒါရိုက်တာ Steven Caple Jr. ရဲ့ Transformers ရုပ်ရှင် Transformers: Rise of the Beasts ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ trailer တစ်ခု မိတ်ဆက်ပြသလာပါတယ်။
◼ ဇွန် ၉၊ ၂၀၂၃ မှာ ရုံတင်မယ့် Transformers: Rise of the Beasts ဟာ Paramount ရဲ့ ၇ကားမြောက် Transformers ရုပ်ရှင်ဖြစ်ပေမယ့် ပထမငါးကားနဲ့သက်ဆိုင်မှုမရှိပဲ Bumblebee ရုပ်ရှင်ရဲ့ sequel ဖြစ်ပါတယ်။ Bumblebee ဟာ ၁၉၈၇ ကာလကိုဇာတ်အိမ်တည်ထားပြီး Transformers: Rise of the Beasts ကတော့ ၁၉၉၄ ကာလကို ဇာတ်အိမ်တည်ထားတာပါ။
◼ ဇွန်၊ ၂၀၂၁ မှာ ဒါရိုက်တာ Steven Caple Jr. နဲ့ ထုတ်လုပ်သူ Lorenzo di Bonaventura တို့ရဲ့ အတည်ပြုချက်အရ Transformers: Rise of the Beasts ဟာ Optimus Prime ကို အဓိကဇာတ်ကောင်အဖြစ်တည်ထားပြီးရိုက်ကူးထားကြောင်း သိရှိရပါတယ်။ ထွက်ရှိထားတဲ့ trailer အရ Transformers: Rise of the Beasts မှာ Optimus Prime နဲ့ Bumblebee တို့လို Autobots တွေအပြင် Autobots တွေရဲ့ အဓိကရန်သူ Decepticons တွေကိုသာမက တခြားဇာတ်ရုပ်သစ်တွေဖြစ်ကြတဲ့ Maximals, Predacons နဲ့ Terrorcons တွေကိုပါတွေ့ခဲ့ရပါတယ်။
◼ Trailer အရတော့ Scourge ဆိုတဲ့ ဗီလိန်တစ်ယောက်ကိုပါပြသထားတာကိုတွေ့ရပါတယ်။ Scourge ဟာ Terrorcon ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး Autobot တွေနဲ့ Maximal တွေကို တိုက်ခိုက်သတ်ဖြတ်တတ်သူဖြစ်ပါတယ်။ Scourge ဟာ သူသတ်ခဲ့တဲ့ စက်ရုပ်တွေရဲ့အစိတ်အပိုင်းတွေကို သူ့ကိုယ်မှာပြန်လည်တပ်ဆင်တတ်ပါတယ်။
◼ ဂေါ်ရီလာမျောက်ဝံစက်ရုပ်ကြီးဖြစ်တဲ့ Optimus Primal ဟာ Maximal တစ်ယောက်ဖြစ်ပါတယ်။ Maximal တွေဟာ Autobot တွေရဲ့ ဘိုးဘေးတွေဖြစ်ပြီး သမိုင်းမတင်မီခေတ်ကတည်းက ကမ္ဘာပေါ်ကိုရောက်ရှိနေတာဖြစ်သလို Autobot တွေလိုလည်း ပုံစံပြောင်းလို့ရပါတယ်။ Autobot တွေနဲ့ မတူညီတာကတော့ Autobot တွေက ယာဥ်နဲ့စက်ပစ္စည်းတွေအဖြစ်အသွင်ပြောင်းနိုင်ပြီး Maximal တွေကတော့ သားရဲတိရစ္ဆာန်ပုံစံတွေကိုပဲအသွင်ပြောင်းနိုင်တာပါ။ Optimus Primal ကတော့ Maximal တွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဉာဏ်ပညာအရှိဆုံးလည်းဖြစ်ပါတယ်။
◼ Transformers: Rise of the Beasts Trailer မှာတော့ Optimus Primal အပြင် Cheetor ဆိုတဲ့ ကျားသစ်ပုံစံပြောင်းနိုင်တဲ့ Maximal, Rhinox ဆိုတဲ့ ခွန်အားကြီးပြီး ကြံ့ပုံစံပြောင်းနိုင်တဲ့ Maximal နဲ့ Airazor ဆိုတဲ့ လင်းယုန်ပုံစံပြောင်းလဲနိုင်တဲ့ Maximal တို့ကို မိတ်ဆက်ပြသခဲ့တာပါ။
◼ Autobot တွေအတွက် Decepticon တွေက ရန်သူဖြစ်သလို Maximal တွေအတွက် Predacon တွေဟာလည်း ရန်သူဖြစ်ပါတယ်။ Transformers: Rise of the Beasts မှာတော့ Predacon တွေကို တွားသွားသတ္တဝါစက်ရုပ်တွေအနေနဲ့မြင်ရမှာပါ။
◼ Maximal နဲ့ Pedacon တွေကို Fox Kid ရဲ့ ၁၉၉၀ ထုတ် Beast War: Transformers မှာ ပိုမိုကျယ်ပြန့်စွာမိတ်ဆက်ပေးခဲ့တာဖြစ်ပြီး Maximal တွေဖြစ်တဲ့ Tigatron (tiger), Rattrap (rat), နဲ့ Blackarachnia (black widow spider) တို့ အပြင် Predacons တွေဖြစ်တဲ့ Scorponok (scorpion), Tarantulas (tarantula) နဲ့ Waspinator (wasp) တို့ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
◼ Transformers: Rise of the Beasts မှာ Peter Cullen ကပဲ Optimus Prime အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။
◼ ဒါ့အပြင် တခြား Autobot တွေနေရာအတွက် Pete Davidson က Mirage (Porsche 911 အဖြစ် ပုံပြောင်းနိုင်တဲ့ Autobot အဖြစ်)၊
◼ Liza Koshy က Arcee (Ducati 916 ဆိုင်ကယ်အဖြစ် ပုံပြောင်းနိုင်တဲ့ Autobot အဖြစ်)၊
◼ Cristo Fernández က Wheeljack အဖြစ် နဲ့ John DiMaggio က Stratosphere နဲ့ Transit အဖြစ် ပါဝင်လာမှာပါ။
Maximal တွေနေရာမှာတော့
◼ Ron Perlman က Optimus Primal အဖြစ်၊ David Sobolov က Rhinox အဖြစ်နဲ့ မင်းသမီး Michelle Yeoh က Airazor အဖြစ် ပါဝင်ထားပါတယ်။
◼ Game of Thrones ရဲ့ Tyrion Lannister သရုပ်ဆောင် Peter Dinklage ကို ဗီလိန်ဖြစ်တဲ့ Terrorcon ခေါင်းဆောင် Scourge အဖြစ် တွေ့ရမှာဖြစ်ပြီး Michaela Jae Rodriguez ကို Scourge ရဲ့ ညာလက်ရုံး Terrorcon ဖြစ်တဲ့ Nightbird အဖြစ် နဲ့ David Sobolov ကိုပဲ ထရပ်ကား Terrorcon Battletrap အဖြစ် မြင်တွေ့ရမှာပါ။
McGarrett ရေးသည်။
0 Comments