Porpular

6/recent/ticker-posts

အသက်ကြီးတဲ့အထိ စတန့်အက်ရှင်ပြကွက်တွေ ဆက်လုပ်သွားဦးမယ့် Tom Cruise

အသက်ကြီးတဲ့အထိ စတန့်အက်ရှင်ပြကွက်တွေ ဆက်လုပ်သွားဦးမယ့် Tom Cruise


မတ် ၇၊ ၂၀၂၃

◼ ၁၉၈၀ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ Top Gun ရဲ့ အဆက်ဖြစ်တဲ့ Maverickကို နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ကြည့်ခွင့်ရခဲ့ပါတယ် 

◼ Top Gun: Maverick ကို ဖန်တီးရာမှာ အလွန်အမင်း ပြင်းထန်လှတဲ့ G Force က တိုက်လေယာဉ်တွေကိုပါ ထည့်သွင်း အသုံးပြုထားတာပါ။ 

◼ Tom Cruise ဟာ ယခုဆိုရင် အသက် ၆၀ ရှိပြီ ဖြစ်ပေမယ့် အနားယူဖို့ စိတ်ကူးမရှိသေးဘဲ စတန့်အလုပ်တွေကို ‌တစ်ဆင့်ပိုကောင်းအောင်လုပ်ဖို့ စီစဉ်နေတုန်းပါပဲ။

◼ မကြာသေးမီက Jimmy Kimmel ရဲ့ Live Show တစ်ခုမှာ Mission: Impossible ဒါမှမဟုတ် နောက်ထပ် ပရောဂျက်တွေမှာ အန္တရာယ်ရှိတဲ့ စတန့်တွေကနေ အနားယူဖို့ အစီအစဥ် မရှိသေးကြောင်း Cruise က ပြောလာခဲ့ပါသေးတယ် 

◼ အသက် ၈၀ လောက်ဆိုရင်ရော စတန့် အက်ရှင်တွေ လုပ်နေဦးမှာလားလို့ မေးလိုက်တဲ့အခါမှာတော့-
"ကျွန်တော် ဒီကိစ္စကို စီစဉ်နေတယ်။ ကျွန်တော့် ဘဝတစ်လျှောက်လုံးလဲ လုပ်ခဲ့တယ်။ ၄နှစ်သားလောက်မှာ ကောင်းကင်ပေါ်က တိမ်တွေနဲ့ ကြယ်တွေကို ကြည့်ရတာ နှစ်သက်လို့ ထပ်ခိုးကနေ အိမ်ခေါင်မိုးပေါ်ကို တွားသွားတတ်တဲ့ ကလေး‌လေး ဖြစ်ခဲ့တာပဲ။" လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ်တွေအကြား ရောက်လာတော့မယ့် Tom Cruise ရဲ့ အကြီးမားဆုံး stuntများ

◼ စတန့်အလုပ်တွေမှာ အရွယ်ရှိတဲ့ သရုပ်ဆောင်တွေကို ကျော်ပြီး Tom Cruise က စံချိန်အသစ်များသို့ ယူဆောင်လေ့ရှိပါတယ်။

◼ Mission: Impossible – Dead Reckoning Part 1 မှာ Cruise က မော်တော်ဆိုင်ကယ်ကို ချောက်ကမ်းပါးမှ မောင်းနှင်ပြီး အခြေစိုက်စခန်းသို့ ခုန်တက်သွားတဲ့ စတန့်တွေကို ပြသဖို့ စီစဉ်ထားတာပါ။ ရထားထိပ်က ရန်ပွဲတွေနဲ့ နောက်ကနေ လိုက်ဖမ်းတဲ့ ကားတွေရဲ့ ပြင်းထန်တဲ့ စတန့်တွေလဲ ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အထင်ကြီးစရာအပိုင်းတွေကို trailer မှာ တွေ့မြင်ရမှာပါ

◼ Mission: Impossible Dead – Reckoning Part 2 အတွက် trailer မထွက်သေးပေမယ့် ရုပ်ရှင်ရဲ့ အကြီးစားစတန့်အတွက် Tom Cruise က ဇောက်ထိုးဆင်းနေတဲ့ လေယာဥ်ရဲ့ထိပ်မှာ ဆုပ်ကိုင်ထားတဲ့အခန်းပါဝင်လာမှာပါ။ 

◼ Tom Cruise ဟာ ဟောလိဝုဒ်ရဲ့ ပထမဆုံး ISS မှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ဒါရိုက်တာ Doug Liman နဲ့အတူ အာကာသထဲ သွားရောက်ဖို့အထိကို စီစဥ်ထားတာ ဖြစ်ပါတယ်။ Tom Cruise ကတော့ စွန့်စားပြီး ရိုက်မယ်ဆိုတာချည်းပဲ။

◼ အသက်အရွယ်ရလာနဲ့အမျှ စတန့်အလုပ်တွေကို လျော့ချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပရိသတ်က သေချာပေါက် နားလည်‌ပေးမှာ ဖြစ်ပေမယ့် Tom Cruise ရဲ့ နောက်ဆုံးမှတ်ချက်က လာမယ့် ဆယ်စုနှစ်တွေအတွင်း ဟောလီးဝုဒ် အက်ရှင် ရုပ်ရှင်လောကမှာ သူဟာ ဆက်လက် ရပ်တည် နေဦးမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Ref: ScreenRant

Nova ရေးသည်။





Post a Comment

0 Comments