Sherlock Holmes 3 ကြန့်ကြာနေရတဲ့ အကြောင်းအရင်းကို ဒါရိုက်တာ Guy Ritchie ပြောလာ
မတ် ၇၊ ၂၀၂၃။
◼ ဒါရိုက်တာကြီး Guy Ritchie ဟာ အထင်ကရ စာရေးဆရာကြီး Arthur Conan Doyle ရဲ့ Sherlock Holmes စုံထောက်ဝတ္ထုတွေကို Sherlock Holmes ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ရုံတင်ခဲ့ပါတယ်။
◼ အကောင်းမြင် သုံးသပ်ချက်များစွာ ရရှိခဲ့သလို ခေါင်းဆောင်မင်းသား Robert Downey Jr. ကို သူ့ရဲ့ သရုပ်ဆောင် ပီပြင်မှုတွေအတွက် Golden Globe ဆုကိုရရှိခဲ့သလို အော်စကာဆန်ခါတင်နှစ်နေရာလည်းဝင်ခဲ့ပါတယ်။
◼ အမြတ်ငွေ ကန်ဒေါ်လာ သန်းငါးရာကျော်ကို သိမ်းပိုက်ခဲ့ပြီး Sequel ဖြစ်တဲ့ Sherlock Holmes: A Game of Shadows ကတော့ စုစုပေါင်း ကန်ဒေါ်လာ ၅၄၃ သန်း ခန့်အထိ အရယူပေးနိုင်ခဲ့ပါတယ်။
◼ ပထမနှစ်ကားက အရှိန်အဟုန်နဲ့ တစ်ကားပြီး တစ်ကား ထွက်လာပေမယ့် Sherlock Holmes 3 ကတော့ စောင့်မျှော်နေရဆဲပါ။
◼ မင်းသား Robert Downey Jr. တွဲဖက်သရုပ်ဆောင် Jude Law နှင့် ထုတ်လုပ်သူ Joel Silver နဲ့ Lionel Wigram တို့ရဲ့ပြောပြချက်အရ တတ်နိုင်သမျှ အကောင်းဆုံးဇာတ်ညွှန်း ဖြစ်အောင် ပြင်ဆင်နေခြင်းကြောင့် ကြာမြင့်နေတယ် လို့ ယူဆပါတယ်။
◼ ဒါဟာ ဒုတိယနောက်ဆက်တွဲဇာတ်လမ်း Sherlock Holmes: A Game of Shadow မှာ Raing 60% အောက် လျော့နည်းခဲ့တာကြောင့် ပိုမိုကောင်းမွန်တဲ့ နောက်ဆက်တွဲတစ်ခုနဲ့ ပြန်သွားချင်လို့ဖြစ်ပါလိမ့်မယ်။
◼ ဒါပေမယ့်လို့ Marvel Cinematic Universe (MCU) မှာ Iron Man အဖြစ် မင်းသား Downey Jr. က အချိန်ကြာမြင့်စွာရှိခဲ့တဲ့အတွက် Sherlock Holmes 3 ကို နှောင့်နှေးစေတာလို့လည်း ထင်မြင်သူ ပရိတ်သတ် အများအပြား ပေါ်ထွက်ခဲ့ပါသေးတယ်။
◼ ဒါရိုက်တာ Guy Ritchie ရဲ့ ရုပ်ရှင်အသစ် ဖြစ်တဲ့ Operation Fortune: Ruse de Guerre အကြောင်း ဆွေးနွေးတဲ့ပွဲမှာ Collider မှ Sherlock Holmes 3 ရဲ့ အခြေအနေကို မေးမြန်းကြည့်တဲ့ အခါမှာတော့ ရုပ်ရှင်ထုတ်လုပ်မှု နောက်တစ်ဆင့်တက်ဖို့ မင်းသား Downey Jr. ရဲ့ သဘောထားအပေါ်မှာ မူတည်ကြောင်း နဲ့ သူ့ရဲ့ ပါဝင်မှု လျော့နည်းကြောင်းကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“ကျွန်တော် ဒါကို Robert ဆီ အပ်ထားလိုက်ပြီ။ သူကလဲ တာဝန်ယူချင်ခဲ့တယ်လေ။ အခုဆိုရင် သူ့ လက်ခုပ်ထဲကရေ ဖြစ်နေပြီ။ ဇာတ်ညွှန်းပိုင်းက စလို့ အစစအရာရာ သူပဲ ဦးစီးနေပြီ။ ကျွန်တော် ဝင်ပါဖို့ အချိန်မရောက်သေးခင် အချိန်တစ်ခုတိုင်အောင် နောက်ဆုတ်နေမှာပါ။”
◼ ရုပ်ရှင် ထုတ်လုပ်မှုမှာ ဒါရိုက်တာ Ritchie ပါဝင်တော့မှာ မဟုတ်ပေမယ့် Downey Jr. က Sherlock Holmes 3 ကို အကောင်းဆုံးဖြစ်ဖို့ အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာက ပထမဇာတ်ကားနှစ်ကားရဲ့ ပရိသတ်တွေအတွက်တော့ အာမခံချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
Ref: ScreenRant
Nova ရေးသည်။
0 Comments