Porpular

6/recent/ticker-posts

Scooby-Doo နဲ့ Krypto တို့ရဲ့ crossover ရုပ်ရှင် ဖျက်သိမ်းခံခဲ့ရ

Scooby-Doo နဲ့ Krypto တို့ရဲ့ crossover ရုပ်ရှင် ဖျက်သိမ်းခံခဲ့ရ

မတ် ၆၊ ၂၀၂၃။

◼ ၂၀၂၂ မှာ Warner Bros. Discovery ဟာ ငွေကြေးဆိုင်ရာအခြေအနေတွေကြောင့် Batgirl ရုပ်ရှင်အပါအဝင် HBO Max project အများအပြားနဲ့ Scooby-Doo ရုပ်ရှင်တချို့ကို ထုတ်လုပ်ပြသခြင်းမပြုတော့ပဲ ဖျက်သိမ်းလိုက်ပါတယ်။

◼ ဖျက်သိမ်းခံရတဲ့ Scooby-Doo ရုပ်ရှင်တွေထဲကတစ်ခုဟာ DC ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ခွေးလေး Krypto နဲ့ Scooby-Doo တို့ရဲ့ crossover ရုပ်ရှင် ဖြစ်နေကြောင်း CBR သတင်းအရ သိရပါတယ်။ အဲဒီ Crossover ရုပ်ရှင်ဟာ Scooby-Doo! And Krypto, Too! လို့ အမည်ရပြီး ပြသချိန် ၇၈ မိနစ် ရှိကြောင်း အဆိုပါသတင်းအရ သိရပါတယ်။

◼ Scooby-Doo! And Krypto, Too! အပါအဝင် Scoob ရဲ့ sequel ဖြစ်လာမယ့် Scoob! Holiday Haunt နဲ့ နောက်ထပ် Scooby-Doo ရုပ်ရှင် Scooby-Doo and the Haunted High Rise တို့ဟာလည်း Warner Bros. Discovery ရဲ့ ဖျက်သိမ်းမှုကိုခံခဲ့ရတာပါ။

◼ သို့ပေမယ့်လည်း Warner Bros. Discovery ဟာ ပရိသတ်ရဲ့ဆဲဆိုမှုကိုပက်ပက်စက်စက်ခံနေရတဲ့ Scooby-Doo spin-off series Velma ကိုတော့ Season 2 ဆက်လက်ထုတ်လုပ်ဦးမှာဖြစ်ပါတယ်။

Ref: CBR 

McGarrett ရေးသည်။





Post a Comment

0 Comments