Toy Story 5 ရဲ့ ဖြစ်နိုင်ချေသီအိုရီတစ်ခု
မတ် ၂၈၊ ၂၀၂၃။
◼ ရုပ်ရှင်ပရိသတ်တွေရဲ့ ငယ်ဘဝတွေကို ပြည့်စုံအောင် လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ Toy Story Franchise က ထိပ်ဆုံးက ရပ်တည်နေမယ်ဆိုတာ အသေအချာပါပဲ။
◼ Toy Story က လက်ရှိမှာ လေးကားထိ ထွက်ရှိထားပြီး လေးကားမြောက်ရုပ်ရှင်ကလည်း ဒီ Franchise ကို အကောင်းဆုံး အဆုံးသတ်ထားတယ်၊ ပရိသတ်တွေအနေနဲ့ Toy Story ကို နှုတ်ဆက်လိုက်ရပြီလို့ မကြာသေးခင်ကထိ ဒီလို ယူဆလို့ရခဲ့ပေမယ့် Disney ဘက်ကနေ ငါးကားမြောက် ရုပ်ရှင် ဆက်လက်ထွက်ရှိဦးမယ်လို့ ကြေငြာလိုက်တဲ့အခါမှာတော့ ပရိသတ်တွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
◼ Toy Story Franchise ထဲမှာ အရုပ်ပိုင်ရှင်တွေဖြစ်တဲ့ Andy, Bonnie က စလို့ Woody, Buzz Lightyear နဲ့ တခြား အရုပ်အသီးသီးက သူတို့အတွက် အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံး အရာတွေကို နောက်ဆုံးမှာ ရွေးချယ် ပိုင်ဆိုင်နိုင်သွားခဲ့ပေမယ့် ဒီ Franchise ထဲမှာ မပြီးပြတ်သေးတဲ့ အရာတစ်ခု ကျန်ရှိနေပါသေးတယ်။
◼ Toy Story ပရိသတ်တွေအနေနဲ့လည်း ငါးကားမြောက်ရုပ်ရှင်က ဒီ Franchise ထဲမှာ မပြီးပြတ်သေးတဲ့ အကြောင်းအရာ ကို ဖော်ပြနိုင်တယ်ဆိုပြီး သီအိုရီတစ်ခု ထုတ်ခဲ့ကြပါတယ်။
◼ ဒီသီအိုရီက ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Toy Story ရဲ့ ပထမဆုံးရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ လူဆိုးကလေး Sid အကြောင်းပါ။
◼ Woody အပါအဝင် အရုပ်တွေက သူတို့ရဲ့ အရေးအကြီးဆုံး စည်းကမ်းတစ်ခုဖြစ်တဲ့ လူတွေရှေ့မှာ မလုပ်ရှားရဘူးဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်ခဲ့ပြီး Sid ကို ခြောက်လှန့်ခဲ့တာကို ရုပ်ရှင်ပရိသတ်တွေ အမှတ်ရဦးမှာပါ။
◼ ဒီကိစ္စက Sid အတွက် အတော်ကြောက်လန့်စရာတစ်ခုဖြစ်ခဲ့ပြီး အသက် ငယ်သေးတဲ့အတွက်လည်း ထရော်မာတွေ ရကောင်းရနိုင်ခဲ့ပါတယ်။
◼ Sid အနေနဲ့ အရုပ်တွေ အသက်ဝင်လာတဲ့ အကြောင်း လူကြီးတွေကို ပြန်ပြောကောင်းပြောမှာဖြစ်ပြီး အမှန်တရားတစ်ခုက သူပြောတာကို ဘယ်သူမှ ယုံကြမှာမဟုတ်ပါဘူး။
◼ Sid က Toy Story 3 မှာ cameo တစ်ခါ ပါဝင်ခဲ့ပေမယ့် Franchise ထဲမှာတော့ Sid တစ်ယောက် အရုပ်တွေ အသက်ဝင်လာတဲ့အပေါ် ဘယ်လို deal လုပ်သွားခဲ့တယ်ဆိုတာကို မဖော်ပြထားသေးပါဘူး။
◼ ဒီကိစ္စရဲ့ အဓိကလက်သည်က Woody ဖြစ်တာကြောင့် သူ့အနေနဲ့ Sid အတွက် ကျိုးကြောင့်သင့်လျော်တဲ့ ဖြေရှင်းချက်တစ်ခုပေးရမှာဖြစ်ပြီး Toy Story 5 မှာ ဒီအကြောင်းအရာကို ဖော်ပြသွားနိုင်ချေရှိပါတယ်။
◼ ဒါပေမယ့် ဒါက ဖြစ်နိုင်ချေ သီအိုရီတစ်ခုသာဖြစ်ပြီး အမှန်တကယ် ဘာဖြစ်သွားမလဲဆိုတာကတော့ Toy Story 5 ထွက်မှသာ ကျွန်တော်တို့တွေ သိရတော့မှာပါ။
Ref: ScreenRant
Loki ရေးသည်။
0 Comments