Porpular

6/recent/ticker-posts

ရိုက်ကွင်းမှာမြင်းသေသွားတယ်ဆိုတဲ့ The Lord of the Rings: The Rings of Power

ရိုက်ကွင်းမှာမြင်းသေသွားတယ်ဆိုတဲ့ The Lord of the Rings: The Rings of Power

Lord of the Rings | မတ် ၂၈၊ ၂၀၂၃။

◼ Amazon Prime Video ရဲ့ ဘတ်ဂျက်မြင့်ဇာတ်လမ်းတွဲဖြစ်တဲ့ The Lord of the Rings: The Rings of Power ရဲ့ Season 2 ဟာ လက်ရှိမှာ ယူကေနိုင်ငံမှာ ရိုက်ကူးရေးပြုလုပ်နေဆဲဖြစ်ပါတယ်။

◼ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က The Lord of the Rings: The Rings of Power Season 2 ရဲ့ ရိုက်ကူးရေးပြုလုပ်စဥ်မှာ ရိုက်ကွင်းမှာပါဝင်ခဲ့တဲ့မြင်းတစ်ကောင်သေဆုံးသွားခဲ့ပါတယ်။

◼ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး Amazon Studios ရဲ့ ပြောရေးဆိုရေးရှိသူက တရားဝင်ထုတ်ပြန်အတည်ပြုလာခဲ့တာဖြစ်ပြီး အဲဒီအတည်ပြုချက်အရ ရိုက်ကူးရေးမစခင်နံနက်ပိုင်းမှာ အဆိုပါမြင်းဟာ ရုတ်တရက်နှလုံးခုန်ရပ်ပြီးသေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

◼ The Lord of the Rings: The Rings of Power ရိုက်ကူးရေးအတွက် လိုအပ်တဲ့မြင်းတွေကို The Devil's Horseman ကုမ္ပဏီကနေ ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ The Crown, Game of Thrones, Wonder Woman နဲ့ Transformers: The Last Knight တို့လို ဇာတ်လမ်းတွဲနဲ့ရုပ်ရှင်တွေကိုလည်း မြင်းတွေငှားပေးခဲ့ပါသေးတယ်။

◼ အဲဒီလိုမျိုးမြင်းသေဆုံးမှုအတွက် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးတက်ကြွလှုပ်ရှားသူများအသင်းတစ်ခုဖြစ်တဲ့ PETA (People for the Ethical Treatment of Animals) က Amazon Prime Video ကို ပြစ်တင်ရှုံ့ချခဲ့ပြီး မြင်းအစစ်အစား CGI သုံးပြီး ရိုက်ကူးပေးဖို့ တောင်းဆိုထားပါတယ်။

(ပုံဟောင်းကိုသုံးထားပါသည်)
Ref: EW

McGarrett ရေးသည်။



Post a Comment

0 Comments