Season 1 ထက် အပိုင်းပိုနည်းသွားမယ့် House of the Dragon Season 2
Game of Thrones | မတ် ၂၉၊ ၂၀၂၃။
◼ HBO ရဲ့ Game of Thrones prequel series ဖြစ်တဲ့ House of the Dragon ဟာ ၂၀၂၂ မှာ စတင်ပြသခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုအများအပြားရရှိခဲ့ကာ နောက်ထပ် Season 2 လည်း ထပ်မံထွက်ရှိလာဦးမှာဖြစ်ပါတယ်။
◼ House of the Dragon ရဲ့ Season 2 ဟာ Season 1 ထက် အပိုင်းပိုနည်းသွားနိုင်ပြီး HBO ဟာ နောက်ထပ် Season 3 ထပ်မံထုတ်လုပ်ဖို့အထိပါခွင့်ပြုထားဖွယ်ရှိကြောင်း Deadline သတင်းရဲ့ ဆောင်းပါးတစ်ပုဒ်အရသိရပါတယ်။ အဆိုပါဆောင်းပါးအရ HBO ဟာ House of the Dragon Season 2 ရဲ့ ကနဦးအစီအစဥ်ဟာ Season 1 လို ၁၀ ပိုင်းပါဝင်မှာဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ ဇာတ်ညွှန်းပြင်ဆင်ရေးသားခဲ့တာဖြစ်ကြောင်း နဲ့ HBO ဟာ House of the Dragon ရေရှည်စီမံကိန်းနဲ့ပြင်ဆင်ထားတာဖြစ်ကြောင်းသိရပါတယ်။
◼ HBO ဟာ House of the Dragon ကို အနည်းဆုံး Season သုံးခုကနေ လေးခုအထိထုတ်လုပ်ပြသဖို့ပြင်ဆင်နေတာဖြစ်ပြီး executive producer-showrunner Ryan Condal နဲ့ စာရေးဆရာ George R.R. Martin တို့ဟာ Fire and Blood ဝတ္ထုကို ဘယ်လိုပြည့်ပြည့်စုံစုံပြသရမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပြင်ဆင်နေပါတယ်။
◼ House of the Dragon Season 2 မှာ ၈ ပိုင်းသာပါဝင်မှာဖြစ်တယ်လို့ HBO ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုလာခဲ့ပါတယ်။
◼ ကနဦးအစီအစဥ်အရ House of the Dragon Season 2 မှာ တိုက်ပွဲခန်းအကြီးစားတစ်ခုပါဝင်လာမှာဖြစ်ပေမယ့်လည်း ယခုအခါမှာတော့ Season 3 ကို ရွှေ့သွားတယ်လို့လည်း သိရပါသေးတယ်။
◼ လက်ရှိမှာ House of the Dragon Season 2 ဟာ ယူကေနိုင်ငံမှာ ရိုက်ကူးရေးပြုလုပ်နေတာဖြစ်ပြီး ၂၀၂၄ မှာ စတင်ပြသဖွယ်ရှိပါတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments