The X Files ဇာတ်လမ်းတွဲကို reboot ချရန် ပြင်ဆင်နေ
မတ် ၂၉၊ ၂၀၂၃။
◼ Fox ရုပ်သံလိုင်းကနေပြသခဲ့တဲ့ Season ၁၁ ခုပါ နာမည်ကျော် အမေရိကန်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The X Files ကို ယနေ့ခေတ်ပုံစံသစ်နဲ့ reboot ချသွားတော့မှာဖြစ်ပါတယ်။
◼ The X Files reboot ကို Creed နဲ့ Black Panther နှစ်ကားရဲ့ဒါရိုက်တာ Ryan Coogler က တာဝန်ယူပြင်ဆင်နေကြောင်း မူရင်း The X Files ရဲ့ ထုတ်လုပ်သူ Chris Carter က ပြောပြလာပါတယ်။
◼ Chris Carter ဟာ CBS ရဲ့ podcast အစီအစဥ်ကနေတစ်ဆင့် The X Files reboot အကြောင်းကို အခုလိုပြောပြလာပါတယ်။
"The X-Files ကို မတူညီတဲ့သရုပ်ဆောင်တွေနဲ့ ပြန်လည်ပုံဖော်မယ့် Ryan Coogler ဆိုတဲ့ လူငယ်လေးနဲ့စကားပြောဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အများကြီးကိုရိုက်ကူးခဲ့ပြီးပြီဆိုတော့ သူ့ဘက်ကလဲကြိုးစားရမှာပဲ။"
◼ The X-Files Reboot နဲ့ ပတ်သက်ပြီး 20th Century ဘက်က မှတ်ချက်ပေးဖို့ငြင်းဆန်ထားပါတယ်။ Ryan Coogler ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Proximity Media ဟာ Disney Television နဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုထားတာဟာ သက်တမ်းကျန်နေပါသေးတယ်။
◼ မူရင်း The X Files ကို ၁၉၉၃ မှာ စတင်ပြသခဲ့တာဖြစ်ပြီး ထူးဆန်းထွေလာဖြစ်ရပ်တွေနဲ့ ဂြိုဟ်သားဖြစ်စဥ်တွေအကြောင်းကိုရှာဖွေဖော်ထုတ်ရတဲ့ FBI အေးဂျင့်နှစ်ယောက်အကြောင်းကိုဇာတ်အိမ်တည်ထားတာပါ။
Ref: Deadline
McGarrett ရေးသည်။
0 Comments