Porpular

6/recent/ticker-posts

Creature Commandos series အတွက် သရုပ်ဆောင်နှစ်ယောက်ရွေးချယ်ပြီးစီး

Creature Commandos series အတွက် သရုပ်ဆောင်နှစ်ယောက်ရွေးချယ်ပြီးစီး


DC | ဧပြီ ၅၊ ၂၀၂၃။

◼ DCU အသစ်ရဲ့ ပထမပရောဂျက်ဆယ်ခုထဲကတစ်ခုဖြစ်တဲ့ Creature Commandos animated series အတွက် သရုပ်ဆောင်နှစ်ယောက်ရွေးချယ်ထားပြီဖြစ်ပါတယ်။

◼ Creature Commandos မှာ MCU ရဲ့ Crossbone သရုပ်ဆောင် Frank Grillo နဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Ron Perlman တို့ ပါဝင်လာကြောင်း ComicBook သတင်းအရသိရပါတယ်။ Frank Grillo နဲ့ Ron Perlman ဟာ Creature Commandos ရဲ့ ဘယ်ဇာတ်ကောင်တွေနေရာကနေ အသံသရုပ်ဆောင်သွားမလဲဆိုတာကတော့မသိရသေးပါဘူး။

◼ Frank Grillo ဟာ MCU ဇာတ်ကောင် Crossbone ကနေ DC Universe ကို ရောက်ရှိလာပုံအကြောင်းကို ComicBook နဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာပါတယ်။

"သူတို့က ကျွန်တော့်ကို Crossbone အကြောင်း လုံးဝကိုမပြောပြကြဘူး။ MCU သမိုင်းနဲ့ Marvel ရဲ့ များပြားလွန်းတဲ့ဇာတ်ကောင်တွေက အရမ်းလေးနက်တယ်။ Crossbone က အဲမှာ တစ်မိနစ်လောက်ပဲပါသွားတာ၊ တကယ်ဆိုအဲထက်ပိုများသင့်တာလေ၊ ပြီးကျသူတို့လမ်းအတိုင်းသူတို့သွားကြတာပါပဲ။ Crossbone ကို ရည်ရွယ်ချက်တစ်ခုလောက်တော့ထားပေးသင့်တယ်လို့ထင်တယ်။ စိတ်ဝင်စားစရာကောင်းတာက လူတွေက Crossbone ကို သဘောကျပြီး သူ့ပြသချိန်ကနည်းနေတော့ကျ အဲထက်ပိုပြီးရှိနေသင့်တယ်လို့ထင်တာပဲ။ ကျွန်တော်စိတ်ပျက်မိတာပေါ့။ အဲဒါကြောင့် DC ကို ရောက်လာတာပဲ။"

◼ Crossbone ဟာ Captain America: The Winter Soldier မှာ ပြသချိန်ပိုရခဲ့ပေမယ့်လည်း Captain America: Civil War နဲ့ Avengers: End Game မှာတော့ ပြသချိန်အနည်းငယ်သာရခဲ့ပါတယ်။

◼ Creature Commandos ဟာ အပိုင်း ၇ပိုင်းပါဝင်မယ့် Animated Series ဖြစ်ပြီး ၇ပိုင်းစလုံးကို James Gunn ကိုယ်တိုင်ရေးသားမှာဖြစ်ပါတယ်။ အပိုင်းတစ်ခုစီကို ကန်ဒေါ်လာသန်းငါးဆယ်အထိဘတ်ဂျက်သုံးသွားမှာပါ။

◼ မူရင်း ၁၉၈၀ Comic မှာတော့ Creature Commandos တွေဟာ နာဇီတွေကိုတိုက်ခိုက်ဖို့ ဖရန်ကင်စတိုင်းပုံစံမကောင်းဆိုးဝါး၊ ဗန်ပိုင်းယားတစ်ကောင်၊ သမန်းဝံပုလွေတစ်ကောင်နဲ့ ဂေါ်ဂွန်မကောင်းဆိုးဝါးတစ်ကောင်တို့ဖွဲ့စည်းထားတဲ့အထူးကွန်မန်ဒိုတွေဖြစ်ပါတယ်။

◼ သို့ပေမယ့် ဒီ Series မှာတော့ ဇာတ်ကောင်အပြောင်းအလဲတွေရှိနေပြီး Weasel နဲ့ Suicide Squad က Rick Flag ရဲ့ အဖေ Rick Flag Sr. ကို တွေ့ရမှာပါ။

◼ ပြသရက်ကိုတော့မသိရသေးပါဘူး။

ပုံစာ - Frank Grillo (ဝဲဘက်)၊ Ron Perlman (ယာဘက်)။

Ref: ComicBook

Sub-Zero ရေးသည်။




Post a Comment

0 Comments