Porpular

6/recent/ticker-posts

Florence Pugh နဲ့ Andrew Garfield တို့ရဲ့ ရုပ်ရှင်သစ် We Live in Time ရဲ့ ရိုက်ကူးရေးစတင်ပြီ

Florence Pugh နဲ့ Andrew Garfield တို့ရဲ့ ရုပ်ရှင်သစ် We Live in Time ရဲ့ ရိုက်ကူးရေးစတင်ပြီ

ဧပြီ ၅၊ ၂၀၂၃။

◼ Marvel ရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင် Florence Pugh နဲ့ Andrew Garfield တို့ဟာ အိုင်းရစ်ရှ်ဒါရိုက်တာ John Crowley ရဲ့ ဒရာမာရုပ်ရှင် We Live in Time မှာ အတူတူပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။

◼ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းကို Nick Payne (Wanderlust) က ရေးသားပေးထားတာဖြစ်ပြီး StudioCanal နဲ့ အတူ Sunny March, Leah Clarke, Adam Ackland နဲ့ Guy Heeley တို့က ထုတ်လုပ်သူတွေအဖြစ်တာဝန်ယူထားပါတယ်။ ဒါ့အပြင် သရုပ်ဆောင် Benedict Cumberbatch ကလည်း ဒီရုပ်ရှင်ရဲ့ အမှုဆောင်ထုတ်လုပ်သူအဖြစ် တာဝန်ယူထားပါတယ်။

◼ Benedict Cumberbatch, Florence Pugh နဲ့ Andrew Garfield တို့ဟာ Marvel ရုပ်ရှင်တွေမှာသရုပ်ဆောင်ခဲ့ကြပါသေးတယ်။

◼ We Live In Time ရဲ့ ဇာတ်လမ်းသဘောကိုမသိရသေးပေမယ့်လည်း ရယ်ရပြီး နစ်မျောဖွယ်ရာအချစ်ဇာတ်လမ်းတစ်ပုဒ်လို့အကြမ်းဖျဥ်းသိရပါတယ်။ မူလက We Live In Time ကို ၂၀၂၃ နှောင်းပိုင်းမှာ ရိုက်ကူးရေးစတင်မယ်လို့တွက်ထားပေမယ့်လည်း ပြီးခဲ့တဲ့အင်္ဂါနေ့မှာရိုက်ကူးရေးစတင်ပြီဖြစ်ကြောင်း StudioCanal ရဲ့ တရားဝင်အတည်ပြုချက်အရ သိရပါတယ်။

◼ လက်ရှိမှာ Florence Pugh ရဲ့ A Good Person ရုပ်ရှင်ဟာ ရုံတင်ပြသနေဆဲဖြစ်သလို Oppenheimer, Dune: Part II နဲ့ Thunderbolts တို့မှာလည်း ပါဝင်ထားပါသေးတယ်။ Andrew Garfield ဟာ The Amazing Spider-Man နဲ့ Spider-Man: No Way Home အပြင် Tick Tick Boom နဲ့ FX ရဲ့ Under the Banner of Sky series မှာလည်း ပါဝင်ခဲ့ပါတယ်။

Ref: Deadline

McGarrett ရေးသည်။



Post a Comment

0 Comments