Porpular

6/recent/ticker-posts

The Boys spin-off Gen V မှာ Jensen Ackles ရဲ့ Soldier Boy ပါမယ်

The Boys spin-off Gen V မှာ Jensen Ackles ရဲ့ Soldier Boy ပါမယ်

ဧပြီ ၅၊ ၂၀၂၃။

◼ Amazon နဲ့ Sony ရဲ့ superhero parody series တစ်ခုဖြစ်တဲ့ The Boys ဟာ Season သုံးခုအထိထွက်ရှိထားပြီးအောင်မြင်မှုများစွာရရှိနေသလို နောက်ထပ် season 4 နဲ့ spin-off series တစ်ခုဖြစ်တဲ့ Gen V ကိုပါ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

◼ Supernatural သရုပ်ဆောင် Jensen Ackles ဟာ The Boys Season 3 မှာ Soldier Boy အဖြစ် ပါဝင်ခဲ့သလို Soldier Boy ဇာတ်ကောင်ဟာ ပရိသတ်တွေကြားမှာအကြိုက်များခဲ့ပါတယ်။ သတင်းကောင်းတစ်ခုကတော့ Jensen Ackles ဟာ Gen V မှာလည်း cameo တစ်ခန်းပါဝင်လာဦးမှာဖြစ်ပါတယ်။

◼ Jensen Ackles ဟာ Gen V မှာ cameo ပါဝင်လာမှာဖြစ်ကြောင်းကို Entertainment Weekly မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုအတည်ပြုပြောပြလာပါတယ်။

"Soldier Boy က The Boys ရဲ့ spin-off အသစ်မှာ ခဏလေးပါလာမှာပါ။ ပြောရရင် မူရင်းထဲကတချို့တလေက ဒီ spin-off မှာ cameo ပါထားပါတယ်။ ကျွန်တော့် cameo ကတော့ နည်းနည်းလေးထွင်ထားတာပေါ့။"

◼ Jensen Ackles ရဲ့ မှတ်ချက်အရ Gen V မှာ မူရင်း The Boys ထဲက cameo တချို့ကိုတွေ့ရနိုင်ဖွယ်ရှိနေပါတယ်။ သို့ပေမယ့် The Boys Season 4 မှာ Soldier Boy ပြန်ပါမပါဆိုတာကိုတော့ Jensen Ackles က မှတ်ချက်မပေးခဲ့ပါဘူး။

◼ The Boys ရဲ့ spin-off ဖြစ်တဲ့ Gen V ကို ပြသဖို့ ၂၀၂၀ ကတည်းက စီစဥ်နေတာဖြစ်ပြီး ယခုနှစ် ၂၀၂၃ ထဲမှာပြသမှာဖြစ်ပေမယ့်လည်း ပြသရက်အတိအကျမသိရသေးပါဘူး။ ဒါ့အပြင် Gen V ဟာ Season 1 စတင်မပြသရသေးပေမယ့်လည်း နောက်ထပ် Season 2 ထပ်မံထွက်ရှိဖို့ပါအတည်ပြုထားသလို Season 2 အတွက်ပါ ဇာတ်ညွှန်းစတင်ရေးသားနေပြီဖြစ်ကြောင်းသိရပါတယ်။

◼ Gen V ရဲ့ Showrunner နဲ့ Executive Producer Michele Fazekas ဟာ Gen V ရဲ့ Season 1 နဲ့ 2 ကိုပါ တာဝန်ယူပြင်ဆင်သွားမှာပါ။

◼ Gen V ဟာ Vought International က ဖွင့်လှစ်တဲ့ ဆယ်ကျော်သက်စူပါဟီးရိုးတွေကိုသာသီးသန့်ပညာသင်ပေးတဲ့ စူပါတက္ကသိုလ်နဲ့ စူပါပါဝါရထားတဲ့ စူပါဟီးရိုးအလောင်းအလျာတွေအကြောင်းကို ရိုက်ကူးပြသမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် Gen V ဟာ Marvel ရဲ့ X-Men နဲ့ DC ရဲ့ Doom Patrol တို့ရဲ့ parody version ဖြစ်ပါတယ်။

◼ Gen V ဟာ The Boys Comic ရဲ့ G Men တွေအကြောင်း ရိုက်ကူးပြသမှာဖြစ်ပြီး Supernatural ရဲ့ Jack သရုပ်ဆောင် Alexander Calvert နဲ့ Rob Benedict, Arnold Schwarzenegger ရဲ့သား Patrick Schwarzenegger အပြင် Jaz Sinclair, Chance Perdomo, Lizze Broadway, Shelley Conn, Maddie Phillips, London Thor, Derek Luh, Asa Germann, Sean Patrick Thomas နဲ့ Marco Pigossi တို့လည်း Gen-V မှာ ပါဝင်ထားကြပါတယ်။

◼ Michele Fazekas နဲ့ Tara Butters က Gen-V ရဲ့ Showrunner တွေအဖြစ် တာဝန်ယူထားကြပြီး The Boys နဲ့ Supernatural ထုတ်လုပ်သူ Eric Kripke နဲ့အတူ Seth Rogen, Evan Goldberg, James Weaver, Neal H. Moritz, Ori Marmur, Pavun Shetty, Ken Levin, Jason Netter, Garth Ennis, Darick Robertson, Craig Rosenberg, Zak Schwartz, Erica Rosbe နဲ့ Michaela Starr တို့က Executive Producer တွေအဖြစ် တာဝန်ယူထားကြပါတယ်။ The Boys လိုမျိုး Gen V ကိုလည်း Sony Pictures Television Studios နဲ့ Amazon Studios တို့က Kripke Enterprises နဲ့ Point Grey Pictures and Original Film တို့က ပူးတွဲထုတ်လုပ်မှာပါ။

◼ Gen V ကို ၂၀၂၃ မှာ ပြသမှာဖြစ်သလို The Boys Season 4 ကိုလည်း ၂၀၂၃ ထဲမှာ ကြည့်ရှုရနိုင်ဖွယ်ရှိပါတယ်။

Ref: EW

McGarrett ရေးသည်။



Post a Comment

0 Comments