DC အတွက် Batman ရုပ်ရှင်တစ်ကား ရိုက်ပေးချင်တယ်ဆိုတဲ့ Russo ညီနောင်
DC | ဧပြီ ၁၉၊ ၂၀၂၃။
◼ James Gunn နဲ့ Peter Safren တို့ရဲ့ DC Studios သစ်ကနေ တင်ဆက်ပြသမယ့် ပထမဆုံး DC ပရောဂျက်တွေထဲမှာ Batman ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ The Brave and the Bold လည်း ပါဝင်ပါတယ်။ The Brave and the Bold ဟာ Batman အပြင် Batman ရဲ့ သားဖြစ်သူ Damien Wayne အကြောင်းလည်း ပါဝင်မှာဖြစ်ပြီး သားအဖရုပ်ရှင်ပုံစံမျိုးဖြစ်ကြောင်း ကနဦးသိရပါတယ်။
◼ Marvel Cinematic Universe ရဲ့ နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Captain America: Winter Soldier, Captain America: Civil War, Avengers: Infinity War နဲ့ Avengers: Endgame တို့ရဲ့ ဒါရိုက်တာညီနောင်ဖြစ်တဲ့ Joe Russo နဲ့ Anthony Russo တို့ဟာ DC Studios အတွက် Batman ရုပ်ရှင် The Brave and the Bold ကို ရိုက်ကူးပေးလိုကြောင်း ကမ်းလှမ်းလာပါတယ်။
◼ Russo ညီနောင်ဟာ ၎င်းတို့ရဲ့ဇာတ်လမ်းတွဲသစ် Citadel အတွက် ComicBook ဝက်ဘ်ဆိုက်နဲ့ပရိုမိုးရှင်းအင်တာဗျူးတစ်ခုမှာ Batman ရုပ်ရှင်တစ်ကားကိုရိုက်ကူးပေးလိုကြောင်း၊ DC Studios မှာ James Gunn ရဲ့ လုပ်ဆောင်နိူင်စွမ်းကိုယုံကြည်မိကြောင်း မှတ်ချက်ပြုခဲ့တာပါ။
◼ Russo ညီနောင်သာ The Brave and The Bold ကို ရိုက်ကူးခွင့်ရခဲ့မယ်ဆိုရင်တော့ စောင့်ကြည့်စရာရုပ်ရှင်တစ်ကားဖြစ်လာမှာပါ။
◼ ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ DC Universe သစ်ရဲ့ ပထမဆုံးပရောဂျက်ဆယ်ခုကို တရားဝင်ကြေညာခဲ့ပေမယ့် Creature Commandos, Superman: Legacy နဲ့ Swamp Thing ကလွဲလို့ ကျန်ပရောဂျက်တွေရဲ့ပြသရက်ကိုတော့မသိရသေးပါဘူး။
Ref: ComicBook
Sub-Zero ရေးသည်။
0 Comments