Mortal Kombat 2 ရုပ်ရှင်မှာ ဗီလိန်လေးယောက် အသုံးပြုလာဖွယ်ရှိနေ
ဧပြီ ၁၈၊ ၂၀၂၃။
◼ ၂၀၂၁ က ထွက်ခဲ့တဲ့ Warner Bros. ရဲ့ game live-action ရုပ်ရှင် Mortal Kombat ဟာ ရုပ်ရှင်အရ ဝေဖန်မှုတွေနဲ့ကြုံခဲ့ရပေမယ့်လည်း နောက်ထပ် sequel တစ်ကားဖြစ်တဲ့ Mortal Kombat 2 လည်း ထွက်ရှိလာဦးမှာဖြစ်ပါတယ်။
◼ Mortal Kombat ရုပ်ရှင်တွေရဲ့ ထုတ်လုပ်သူ Todd Garner ရဲ့ Twitter ပို့စ်တစ်ခုအရ Mortal Kombat 2 ကို လာမယ့် ၂၀၂၃ ဇွန်လကနေ စက်တင်ဘာလအထိ သြစတေးလျနိုင်ငံမှာ ရိုက်ကူးရေးပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
◼ Mortal Kombat 2 နဲ့ ပတ်သက်ပြီး အသေးစိတ်တစ်စုံတစ်ရာကိုမသိရသေးပေမယ့်လည်း Mortal Kombat ဂိမ်းတွေထဲက နာမည်ကျော်ဇာတ်ကောင် Kitana အပြင် ဗီလိန်ဇာတ်ကောင်လေးယောက်ဖြစ်တဲ့ Shao Kahn, Quan Chi, Sindel နဲ့ Baraka တို့ကို ထည့်သွင်းအသုံးပြုဖွယ်ရှိနေကြောင်း That Hashtag Show ဝက်ဘ်ဆိုက်သတင်းအရသိရပါတယ်။ သို့ပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုချက်တွေကိုတော့မတွေ့ရသေးပါဘူး။
◼ လွန်ခဲ့တဲ့နှစ်ကလည်း Mortal Kombat 2 မှာ နာမည်ကျော်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Johnny Cage ကို Mortal Kombat 2 မှာ တွေ့ရမယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။
◼ Mortal Kombat ကို ရုပ်ရှင်အဖြစ် သုံးကြိမ်တိတိရုပ်ရှင်ရိုက်ခဲ့တာဖြစ်ပြီး ၂၀၂၁ ဟာ တတိယအကြိမ်မြောက်ရိုက်ကူးခြင်းဖြစ်ပါတယ်။
◼ ၂၀၂၁ ထုတ် Mortal Kombat နဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့အထင်အမြင်ကိုလည်းမှတ်ချက်ပေးခဲ့နိုင်ပါတယ်။
ပုံစာ (ဝဲမှယာ) - Shao Kahn, Kitana, Sindel, Quan Chi, Baraka
Ref: ComicBook
McGarrett ရေးသည်။
0 Comments