Porpular

6/recent/ticker-posts

Harry Potter ကို series တစ်ခုအဖြစ် reboot ချသွားဖို့ Warner Bros. Discovery ပြင်ဆင်နေ

Harry Potter ကို series တစ်ခုအဖြစ် reboot ချသွားဖို့ Warner Bros. Discovery ပြင်ဆင်နေ

ဧပြီ ၄၊ ၂၀၂၃။

◼ Warner Bros. Discovery ဟာ ရုပ်ရှင်အရရော၊ စာပေအရပါအောင်မြင်ခဲ့တဲ့ Harry Potter ကို series တစ်ခုအဖြစ် reboot ချ ထုတ်လုပ်သွားဖို့ပြင်ဆင်နေပါတယ်။

◼ Warner Bros. Discovery နဲ့ HBO Max ဟာ Harry Potter Reboot series အတွက် သဘောတူစာချုပ်ချုပ်ဆိုဖို့အတွက် ပြင်ဆင်ကြိုးစားနေကြောင်း Variety သတင်းအရသိရပါတယ်။ အဆိုပါသတင်းအရ Harry Potter Reboot series ဟာ J. K. Rowlings ရဲ့ Harry Potter ဝတ္ထုတွေကို ဝတ္ထုတစ်အုပ်ကို season တစ်ခုနှုန်းနဲ့ ထုတ်လုပ်ဖွယ်ရှိနေတာပါ။ Harry Potter Reboot ကို HBO Max နဲ့ Discovery+ ပူးပေါင်းပြီး streaming platform သစ်အဖြစ် ဖန်တီးလိုက်တဲ့အခါမှာမှ ပြသဖွယ်ရှိနေတယ်လို့လည်း အတွင်းသတင်းပေးများက မှတ်ချက်ပြုထားပါသေးတယ်။

◼ သဘောတူစာချုပ်ချုပ်ဆိုချက်အရ J. K. Rowlings ဟာ Harry Potter Reboot series ရဲ့ ဖန်တီးသူဆိုင်ရာနေရာတစ်ခုကိုရရှိမှာဖြစ်ပြီး showrunner နေရာကနေရော၊ ထုတ်လုပ်သူနေရာကနေပါ ပါဝင်သွားမှာမဟုတ်ပါဘူး။ အဆိုပါစာချုပ်ဟာ လက်ရှိမှာ ကနဦးအဆင့်အနေအထားမှာပဲရှိနေကြောင်းသိရပါတယ်။ 

◼ HBO Max ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုဖို့ငြင်းဆန်ထားပါတယ်။

◼ Warner Bros. ဟာ Harry Potter series ထုတ်ဖို့အတွက် အစောပိုင်းကတည်းက ဆန္ဒရှိနေတာဖြစ်သလို Warner Bros. နဲ့ Discovery ပူးပေါင်းလိုက်ချိန်မှာတော့ ပိုမိုအကောင်အထည်ဖော်ခွင့်ရရှိလာနေတာပါ။

◼ Harry Potter ရုပ်ရှင်ရှစ်ကားဟာ ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၇.၇ ဘီလျံအထိရရှိခဲ့တဲ့ franchise တစ်ခုဖြစ်ပြီး ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိခဲ့ပါတယ်။ Series တစ်ခုအဖြစ် reboot ချသွားမယ်ဆိုရင်တော့ ပရိသတ်တွေကြားမှာ အငြင်းပွားစရာတချို့ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

◼ ဧပြီ ၁၂ မှာ ပြုလုပ်မယ့် Warner Bros. Discovery ရဲ့ ရင်းနှီးမြှုပ်နံသူတွေနဲ့ လူထုဆိုင်ရာ မိတ်ဆက်ပြသပွဲတစ်ခုမှာ Warner Bros. Discovery ရဲ့ ပရောဂျက်အသစ်တွေကိုထပ်မံသိရဖွယ်ရှိပြီး Harry Potter Reboot Series အကြောင်းကိုလည်း အဲဒီပွဲမှာအကြောင်းတစ်စုံတစ်ရာသိရဖွယ်ရှိပါတယ်။

Ref: Variety

McGarrett ရေးသည်။



Post a Comment

0 Comments