Prequel series ထုတ်လုပ်လာနိုင်ဖွယ်ရှိတဲ့ Game of Thrones ရဲ့ Aegon I Targaryen
Game of Thrones | ဧပြီ ၄၊ ၂၀၂၃။
◼ HBO ရဲ့ fantasy drama series တစ်ခုဖြစ်တဲ့ Game of Thrones ဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှုများစွာရရှိခဲ့သလို prequel series ဖြစ်တဲ့ House of the Dragon ဟာလည်း ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။
◼ HBO ဟာ Game of Thrones universe ကို ချဲ့ထွင်ဖို့အတွက် House of the Dragon အပြင် နောက်ထပ် prequel series များစွာကို ထုတ်လုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး ယခုအခါမှာတော့ Game of Thrones universe ရဲ့ ရှေးအကျဆုံးနဲ့အဓိကအကျဆုံးဇာတ်ကောင် Aegon I Targaryen ကို prequel series ထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
◼ Aegon I Targaryen ခေါ် Aegon the Conqueror ဟာ Game of Thrones universe ရဲ့ ခုနစ်ပြည်ထောင်ကိုစုစည်းနိုင်ခဲ့တဲ့ ပထမဆုံး Targaryen ဖြစ်ပြီး နဂါးမေမေ Daenerys Targaryen ရဲ့ ဘိုးဘေးလည်းဖြစ်ပါတယ်။
◼ Variety သတင်းဌာနရဲ့သီးသန့်ဆောင်းပါးတစ်ပုဒ်အရ HBO ဟာ Aegon I Targaryen ကို prequel series ထုတ်လုပ်ဖို့အတွက်ပြင်ဆင်မှုဟာ ကနဦးအဆင့်မှာသာရှိနေပြီး ဇာတ်ညွှန်းဆရာနဲ့ဒါရိုက်တာတွေမရွေးရသေးကြောင်း၊ အမြန်ဆုံးရှာဖွေနေကာ ဇာတ်လမ်းပြင်ဆင်တည်ဆောက်ဖို့အတွက်အမြန်ကြိုးစားနေကြောင်းသိရပါတယ်။ အဆိုပါဆောင်းပါးအရ Aegon I Targaryen series မတိုင်ခင်မှာ HBO နဲ့ Warner Bros. ဟာ Series ရဲ့ မိတ်ဆက်သဘောရုပ်ရှင်တစ်ကားကိုပါ ထုတ်လုပ်နိုင်ဖွယ်ရှိနေကြောင်းလည်းသိရပါသေးတယ်။
◼ Aegon I Targaryen series ဟာ ၎င်းနဲ့၎င်းရဲ့ညီမတစ်ပိုင်းမိန်းမတစ်ပိုင်းတွေဖြစ်တဲ့ Visenya နဲ့ Rhaenys တို့နဲ့အတူ Dorne ကလွဲလို့ Westeros က ကျန်တဲ့တိုင်းပြည်တွေကို ၎င်းတို့ရဲ့နဂါးသုံးကောင်နဲ့စစ်တပ်နဲ့အတူ ဘယ်လိုကျူးကျော်ခဲ့လဲဆိုတာကိုပြသမှာပါ။
◼ HBO ဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုဖို့ငြင်းဆန်ထားပါတယ်။
◼ လက်ရှိမှာ HBO ရဲ့ House of the Dragon Season 2 ဟာ ရိုက်ကူးရေးပြုလုပ်ဆဲအနေအထားသာရှိပါသေးတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments