Hunger Games ပုံစံ ဂရိနတ်ရာဇဝင်ဝတ္ထု Lore ကို ရုပ်ရှင်အဖြစ်ဖန်တီးသွားမယ်
ဧပြီ ၇၊ ၂၀၂၃။
◼ The New York Times ရဲ့ အရောင်းရဆုံးစာအုပ်စာရင်းဝင်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ စာရေးဆရာ Alexandra Bracken ရဲ့ Lore ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးသွားတော့မှာဖြစ်ပါတယ်။
◼ စာရေးဆရာ Alexander Breckel ရဲ့ His Darkest Mind ဝတ္ထုကိုလည်း 20th Century Fox (ယခု Disney လက်အောက်ခံ 20th Century) က ရုပ်ရှင်အဖြစ် ထုတ်လုပ်ဖြန့်ချိပြသခဲ့ဖူးပါသေးတယ်။
◼ Lore ရုပ်ရှင်ကို Universal Studios ကနေ ဖြန့်ချိပြသမှာဖြစ်ပြီး Spider-Man ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Amy Pascal က ထုတ်လုပ်သွားမှာဖြစ်သလို အမှုဆောင်ထုတ်လုပ်သူတွေနေရာကနေ စာရေးဆရာ Alexandra Bracken အပါအဝင် Universal Studios ဘက်က Lexi Barta နဲ့ Jacqueline Garell တို့က တာဝန်ယူထားပါတယ်။
◼ Lore ရဲ့ ဇာတ်ညွှန်းကို Snake Eye ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ Joe Shrapnel နဲ့ Anna Waterhouse တို့က ရေးသားပေးမှာဖြစ်ပါတယ်။
◼ Lore ဝတ္ထုရဲ့ဇာတ်လမ်းသဘောကတော့ အတိတ်ကအမှားတစ်ခုကြောင့် လူ့လောကမှာကျင်လည်ဖို့အပြစ်ပေးခံရတဲ့နတ်ဘုရားကိုးဆူနဲ့ အဲဒီနတ်ဘုရားကိုးဆူကို ၇နှစ်တစ်ကြိမ် လိုက်လံအမဲလိုက်သတ်ဖြတ်တဲ့ဇာတ်လမ်းသဘောမျိုးဖြစ်ပြီး အဓိကဇာတ်ကောင် Lore Perseous ရဲ့ မိသားစုဟာလည်းအသတ်ခံခဲ့ရပါတယ်၊ အဲဒီလိုသတ်ဖြတ်ခံရမှုအတွက် Lore Perseous ဟာ နတ်ဘုရားကိုးဆူထဲကတစ်ဆူဖြစ်တဲ့ Athena ရဲ့ အကူအညီနဲ့ ပြန်လည်လက်စားချေတဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Hunger Games စတိုင် ဖြစ်ပါတယ်။
◼ ပြသရက်၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်ကိုတော့ မသိရသေးပါဘူး။
Ref: THR
Sub-Zero ရေးသည်။
0 Comments