Star Wars ရုပ်ရှင်သစ်မှာ Rey Skywalker အဖြစ် Daisy Ridley ပြန်လည်သရုပ်ဆောင်ဖွယ်ရှိနေ
Star Wars | ဧပြီ ၇၊ ၂၀၂၃။
◼ Skywalker Saga အပြီးမှာ Lucasfilm ဟာ နောက်ထပ် Star Wars ရုပ်ရှင်သစ်တစ်ကားကိုထပ်မံထုတ်လုပ်ဖို့ Lucasfilm ဥက္ကဌ Kathleen Kennedy က အတည်ပြုခဲ့ပါတယ်။
◼ အဲဒီ အသစ်ထွက်ရှိလာမယ့် Star Wars ရုပ်ရှင်သစ်ကို Marvel ဇာတ်လမ်းတွဲ Ms. Marvel ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Sharmeen Obaid-Chinoy က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ BBC ဇာတ်လမ်းတွဲ Peaky Blinders ရဲ့ ဇာတ်ညွှန်းဆရာ Steven Knight က ရေးသားပေးမှာဖြစ်ပါတယ်။
◼ ပါကစ္စတန်ဒါရိုက်တာ Sharmeen Obaid-Chinoy ဟာ Star Wars ရုပ်ရှင်တစ်ကားကိုရိုက်ကူးခွင့်ရခဲ့တဲ့ ပထမဆုံးအမျိုးသမီးဒါရိုက်တာတစ်ယောက်ဖြစ်လာတာပါ။
◼ လတ်တလောထွက်ရှိလာတဲ့သတင်းများအရ အဲဒီ Star Wars ရုပ်ရှင်သစ်မှာ ပြီးခဲ့တဲ့ Sequel Trilogy မှာပါဝင်လဲ့တဲ့ သရုပ်ဆောင် Daisy Ridley ရဲ့ Rey ဇာတ်ကောင်ကို ပြန်လည်အသုံးချဖွယ်ရှိနေပြီး Rey ကို အဓိကဇာတ်ကောင်နေရာကနေထားပြီး ရိုက်ကူးသွားနိုင်ကြောင်းနဲ့ Daisy Ridley နဲ့ ဆွေးနွေးစကားပြောဆိုနေကြောင်းသိရပါတယ်။ Variety သတင်းရဲ့ သတင်းတစ်ပုဒ်အရ အဲဒီ Star Wars ရုပ်ရှင်ဟာ Rey Skywalker တစ်ယောက် Jedi Master ဖြစ်လာပြီး သူ့ရဲ့ ကိုယ်ပိုင် Jedi အသင်းကို တည်ထောင်တဲ့အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးသွားနိုင်ကြောင်း သိရပါတယ်။
◼ သို့ပေမယ့် Daisy Ridley, Disney နဲ့ Lucasfilm တို့ဘက်ကတော့ တရားဝင်အတည်ပြုခြင်းမရှိသေးပါဘူး။
◼ Rey ကို Star Wars Episode IX: The Rise of Skywalker မှာ Rey Skywalker ဆိုပြီး သတ်မှတ်လိုက်ကတည်းက Disney နဲ့ Lucasfilm ဟာ Star Wars ပရိသတ်တွေရဲ့အဆဲကို တနင့်တပိုးကြီးခံခဲ့ရပါသေးတယ်။
◼ Lucasfilm ဟာ Marvel Studios ဥက္ကဌ Kevin Feige ရဲ့ Star Wars ရုပ်ရှင်နဲ့ Wonder Woman ဒါရိုက်တာ Patty Jenkins ရဲ့ Star Wars ရုပ်ရှင် Rogue Squardon ကို ဖျက်သိမ်းခဲ့ပါသေးတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments