Porpular

6/recent/ticker-posts

Marvel နဲ့ DC crossover ဖြစ်လာနိုင်တယ်လို့ James Gunn ပြောလာ

Marvel နဲ့ DC crossover ဖြစ်လာနိုင်တယ်လို့ James Gunn ပြောလာ


ဧပြီ ၇၊ ၂၀၂၃။

◼ DC Universe အသစ်ကိုဖော်ဆောင်ပေးမယ့် DC Studios ရဲ့ ပူးတွဲ CEO တစ်ယောက်ဖြစ်တဲ့ James Gunn ဟာ Marvel Studios အတွက် Guardians of the Galaxy ရုပ်ရှင်တွေကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။

◼ Marvel ဇာတ်ကောင်တွေနဲ့ DC ဇာတ်ကောင်တွေကို ရုပ်ရှင်ကားတစ်ကားတည်းမှာ အတူတူမြင်ချင်နေတာဟာ ပရိသတ်တွေရဲ့ဆန္ဒတစ်ခုဖြစ်ပြီး အဲဒီဆန္ဒကို James Gunn က အကောင်အထည်ဖော်ပေးနိုင်ဖွယ်ရှိနေပါတယ်။ Marvel DC crossover ဟာ ဖြစ်လာနိုင်တယ်လို့ James Gunn က Empire မဂ္ဂဇင်းနဲ့ သီးသန့်အင်တာဗျူးဆောင်းပါးတစ်ခုမှာ ပြောပြလာပါတယ်။

◼ Marvel DC crossover ဟာ ရုပ်ရှင်ထဲမှာတော့ဖြစ်မလာသေးပေမယ့်လည်း comic တွေထဲမှာတော့ crossover ရှိခဲ့ဖူးပါတယ်။ Spider-Man က Superman နဲ့ Batman တို့နဲ့ ပူးပေါင်းအဖွဲ့ကျတာ၊ Hulk နဲ့ Batman တိုက်ခိုက်ကြတာ၊ Silver Surfer နဲ့ Superman ရင်ဆိုင်ကြတာနဲ့ Avengers နဲ့ Justice League of America တွေ့ဆုံကြတာ စတဲ့ comic အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။

◼ James Gunn ကတော့ သူ DC Studios ရဲ့ အကြီးအကဲဖြစ်လာတာဟာ Marvel DC crossover ဖြစ်လာဖို့အတွက် ပိုပြီးဖြစ်နိုင်ချေရှိလာနိုင်ကြောင်း Empire မဂ္ဂဇင်းနဲ့ အဆိုပါအင်တာဗျူးဆောင်းပါးမှာ အခုလိုမှတ်ချက်ပြုထားပါတယ်။

"ကျွန်တော်အခု DC Studios ရဲ့ တာဝန်ရှိသူဖြစ်လာတာဟာ ဒါအတွက်ပိုပြီးဖြစ်လာနိုင်ချေရှိလာတာပါပဲ။ ဘယ်သူသိမှာလဲ။ ဒါကအဝေးကြီးတော့လိုပါသေးတယ်။ ကျွန်တော်တို့ အခု DC မှာ လုပ်နေတာကို အရင်အကောင်အထည်ဖော်ဖို့တော့လိုမယ်။ ဒီကိစ္စအတွက် (crossover) မဆွေးနွေးရသေးဘူးလို့ပြောရင်တော့ ကျွန်တော်လိမ်ရာကျသွားလိမ့်မယ်။ ဒါပေမယ့် ဆွေးနွေးထားတာအကုန်လုံးက ပေါ့ပေါ့ပါးပါးနဲ့ပျော်စရာကောင်းပါတယ်။"

◼ အဆိုပါမှတ်ချက်အရ Marvel DC crossover ကို James Gunn တို့ ဆွေးနွေးထားကြကြောင်းသိရပေမယ့်လည်း ဘယ်သူနဲ့ဆွေးနွေးခဲ့လဲ၊ ဘာတွေဆွေးနွေးခဲ့လဲဆိုတာကတော့မသိရပါဘူး။

◼ James Gunn ဟာ DC Universe သစ်ရဲ့ ပထမဆုံး Superman ရုပ်ရှင် Superman: Legacy ကိုလည်း သးကိုယ်တိုင်ရိုက်ကူးသွားမှာဖြစ်သလို သူ့​ရဲ့ နောက်ဆုံး Marvel ရုပ်ရှင် Guardians of the Galaxy Vol. 3 ကို လာမယ့် မေ ၅၊ ၂၀၂၃ မှာ ရုံတင်​ပြသမှာပါ။

Ref: Deadline

Sub-Zero ရေးသည်။


Post a Comment

0 Comments