Porpular

6/recent/ticker-posts

ဇာတ်သိမ်းနှစ်မျိုးရှိခဲ့တဲ့ John Wick: Chapter 4

ဇာတ်သိမ်းနှစ်မျိုးရှိခဲ့တဲ့ John Wick: Chapter 4

(Spoiler အကြောင်းအရာပါဝင်သည်)


ဧပြီ ၂၊ ၂၀၂၃။

◼ လောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့ John Wick: Chapter 4 က ဝေဖန်ရေးသမားတွေကြားမှာ နာမည်ကောင်းရနေသလို ရုပ်ရှင်ပရိသတ်တွေကြားမှာလည်း ကောင်းသတင်းနဲ့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

◼ John Wick: Chapter 4 ရဲ့ အဆုံးသတ်မှာ John Wick က နောက်ဆုံးမှာ လွတ်လပ်သူ ဖြစ်သွားသလို သိပ်မကြာခင်မှာပဲ ရထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

◼ ရုပ်ရှင်ပရိသတ်တွေအတွက် ဒါက ဝမ်းနည်းစရာဖြစ်ပေမယ့်လည်း John Wick ရဲ့ ပထမဆုံးရုပ်ရှင်ကစလို အခု လေးကားမြောက်ထိ John Wick သတ်ခဲ့တဲ့ ကြေးစားတွေက ရာနဲ့ချီ ရှိခဲ့တာကြောင့်မလို့  ရုပ်ရှင်အဆုံးသတ်တဲ့အခါမှာ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းခန်း ရမယ်မဟုတ်ဘူးဆိုတာကို ကြိုမျှော်လင့်ထားကြတာမလို့ ဖြေသာတယ်လို့ ဆိုရပါမယ်။

◼ ဒါပေမယ့်လည်း John Wick ရုပ်ရှင်တွေရဲ့ ဒါရိုက်တာဖြစ်တဲ့ Chad Stahelski က ယခု Chapter 4 ရဲ့ အဆုံးသတ်က နှစ်မျိုး ရှိခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

◼ ပထမတစ်မျိုးက ဇာတ်သိမ်းခန်းမှာ John Wick က သေလောက်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်ရှင်သွားတဲ့ alternate ending ဖြစ်ပြီး နောက်တစ်ခုကတော့ ကျွန်တော်တို့တွေ ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်သိမ်းခန်းပဲ ဖြစ်ပါတယ်။

◼ အမှန်တရားတစ်ခုက ဘယ်ရုပ်ရှင်ထုတ်လုပ်ရေးကမှ သူတို့လာဘ်ကောင်ဖြစ်တဲ့ ဇာတ်ကောင်တစ်ခုကို ပေးသေမှာမဟုတ်တဲ့အတွက်ကြောင့် Chad Stahelski အနေနဲ့ ဒီလို ငွေအမြောက်အများရှာပေးနိုင်တဲ့ John Wick လို ဇာတ်ကောင်ကို ပေးသေလိုက်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ 

◼ အဲဒါကြောင့် Chad က John Wick: Chapter 4 အတွက် ဇာတ်သိမ်းနှစ်ခုကို ရိုက်ခဲ့ရပြီး ဒီနှစ်မျိုးကို လူအချို့ကို စမ်းသပ်ပြသတဲ့အခါမှာတော့ ဒီလူတွေက ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ အဆုံးသတ်ကို ပိုသဘောကျခဲ့တာကြောင့် အခြေအနေတွေက ဒီအတိုင်းဖြစ်လာခဲ့တာပါ။

◼ John Wick သေသွားတဲ့ အဆုံးသတ်က ဒါရိုက်တာဖြစ်သူ Chad Stahelski လိုချင်တဲ့ အတိုင်းဖြစ်ပြီး ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

◼ ယခုအချိန်မှာ John Wick: Chapter 4 က ရုပ်ရှင်ရုံတွေမှာ အောင်မြင်မှုတွေနဲ့ စံမြန်းနေတာကြောင့် Chapter 5 ပါ ထွက်ရှိလာဦးမယ်ဆိုပြီး သတင်းတွေ ထွက်ရှိလာနေပြန်ပါသေးတယ်။

◼ ရုပ်ရှင်တွေရဲ့ Logic အတိုင်း အလောင်းကို မမြင်ရရင် တကယ်သေတာမဟုတ်ဘူးဆိုတဲ့ အတိုင်း Chapter 4 ရဲ့ အဆုံးသတ်မှာ ပရိသတ်တွေအနေနဲ့  အုတ်ဂူ ကျောက်တိုင်ချည်းသပ်သပ်သာ မြင်ခဲ့ရတာကြောင့် ကျွန်တော်တို့တွေရဲ့ John Wick က ရာသီဥတုကောင်းတဲ့ နေရာတစ်နေရာရာမှာ ခွေးလေးတစ်ကောင်နဲ့ အနားယူနေတာလည်း ဖြစ်နိုင်ပါသေးတယ်။

Loki ရေးသည်။



Post a Comment

0 Comments