ရုပ်ရှင်လောကကနေ အနားယူတော့မယ့် သရုပ်ဆောင်နဲ့ဒါရိုက်တာ Clint Eastwood
ဧပြီ ၂၊ ၂၀၂၃။
◼ ဆယ်စုနှစ်ခြောက်ခုစာအတွင်း ရုပ်ရှင်ကားပေါင်းငါးဆယ်ထက်မနည်းကို သရုပ်ဆောင်နေရာကနေပါဝင်ခဲ့သလို တချို့ရုပ်ရှင်တွေမှာ ဒါရိုက်တာနေရာကနေပါတာဝန်ယူခဲ့ပြီးနောက်မှာ ဟောလိဝုဒ်ရဲ့ဝါရင့်သရုပ်ဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Clint Eastwood ဟာ ရုပ်ရှင်လောကကို နှုတ်ဆက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
◼ ရုပ်ရှင်လောကကနေ အနားမယူခင်မှာ Clint Eastwood ဟာ ပရိသတ်တွေအတွက် နောက်ဆုံးရုပ်ရှင်တစ်ကားကိုချန်ထားခဲ့ပေးဦးမှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို Clint Eastwood က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိပြသသွားမှာဖြစ်ကြောင်း Discussing Film ဝက်ဘ်ဆိုက်ရဲ့သတင်းအရသိရပါတယ်။
◼ Clint Eastwood ရဲ့ နောက်ဆုံးရုပ်ရှင်ဟာ Juror #2 ဖြစ်နိုင်နေကြောင်း၊ လူသတ်မှုအတွက်ရုံးတင်ခံရတဲ့လူတစ်ယောက်အကြောင်းနဲ့ သူဟာ လူတကယ်သတ်မိသလားဆိုတာ သူ့ကိုယ်သူလဲမသေချာသလို အပြစ်ကနေလွတ်ဖို့တမင်အဖမ်းခံပြီးမှ ဂျူရီတွေကိုလှည့်စားတဲ့အကြောင်းလို့လည်း ကောလာဟလထွက်နေပါတယ်။
◼ တရားဝင်ထပ်မံအတည်ပြုထားခြင်းကိုတော့မတွေရသေးပါဘူး။
◼ Clint Eastwood ဟာ Unforgiven နဲ့ Million Dollar Baby တို့နဲ့ အော်စကာဆုများရခဲ့သလို Mystic River, Letters From Iwo Jima နဲ့ Angelina Jolie ရဲ့ Changeling တို့ဟာလည်း အော်စကာဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။
◼ Gran Torino, Invictus, Sully, American Sniper, Richard Jewell နဲ့ Cry Macho အပါအဝင် ရုပ်ရှင်ကားပေါင်းဆယ်ကားခန့်ကို Clint Eastwood က Warner Bros. အတွက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။
Ref: Collider
McGarrett ရေးသည်။
0 Comments