Porpular

6/recent/ticker-posts

ပြသချိန်လေးနာရီကြာမြင့်မယ့် Killers of the Flower Moon

ပြသချိန်လေးနာရီကြာမြင့်မယ့် Killers of the Flower Moon

ဧပြီ ၁၊ ၂၀၂၃။

◼ Apple TV+ နဲ့ Paramount တို့ကနေ ပူးတွဲဖြန့်ချိပြသမယ့် ဒါရိုက်တာ Martin Scorsese ရဲ့ Killers of the Flower Moon ရုပ်ရှင်ဟာ ပြသချိန် လေးနာရီနီးပါးကြာမြင့်မှာဖြစ်ပြီး လာမယ့် ၂၀၂၃ မေလထဲမှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပွဲကြိုပြသမှာဖြစ်ပါတယ်။ 

◼ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မေ ၁၆၊ ၂၀၂၃ ကနေ မေ ၂၇၊ ၂၀၂၃ အထိ ပြင်သစ်နိုင်ငံ၊ ကိန်းစ်မြို့မှာ ဆယ်ရက်ကြာကျင်းပသွားမှာဖြစ်ပြီး Killers of the Flower Moon ​ကို မေ ၂၀၊ ၂၀၂၃ မှာ ပြသမှာပါ။

◼ Killers of the Moon ရုပ်ရှင်နဲ့ရဲ့ပြသချိန်နဲ့ပတ်သက်ပြီး ၎င်းရဲ့သီးသန့် Wikipedia စာမျက်နှာမှာ ကြာချိန် ၂၄၀ မိနစ် (၄ နာရီ) လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

◼ ကိန်းစ်ရုပ်ရှင်ပွဲတော်အပြီးမှာမှ Killers of the Flower Moon ရုပ်ရှင်ကို အောက်တိုဘာ ၆ ရက်နေ့မှာ ကန့်သတ်ရုပ်ရှင်ရုံတွေမှာ စတင်ပြသမှာဖြစ်ပြီး အောက်တိုဘာ ၂၀ မှာမှ Apple TV+ ကနေ အကျယ်ပြန့်ပြသမှာဖြစ်ပါတယ်။

◼ Killers of the Flower Moon ဟာ စာရေးဆရာ Eric Roth ရဲ့ Killers of the Flower Moon: The Osage Murders and the Birth of the FBI ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး Robert DeNiro, Leonardo DiCaprio, Brendan Fraser, Jesse Plemons နဲ့ Lily Gladstone တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

◼ ဇာတ်လမ်းသဘောကတော့ ၁၉၂၀ ကာလ အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ native မျိုးနွယ်စုတစ်စုဖြစ်တဲ့ Osage မျိုးနွယ်စုတွေ ရုတ်တရက်အသတ်ခံရတဲ့အကြောင်းကို FBI ရဲ့ ပထမဆုံးညွှန်ကြားရေးမှူးဖြစ်လာမယ့် J. Edgar Hoover နဲ့ တက္ကဆက်ရိမ်းဂျား Tom Wills တို့က စုံစမ်းဖော်ထုတ်ရပုံကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ Osage မျိုးနွယ်စုဟာ ရေနံတွင်းတွေကိုပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။

Ref: A Shot. Facebook

McGarrett ရေးသည်။



Post a Comment

0 Comments