ရုပ်ရှင်ကားကြီးတွေကိုလက်လွှတ်ခဲ့ရတဲ့ သရုပ်ဆောင် Nicholas Hoult
ဧပြီ ၁၇၊ ၂၀၂၃။
◼ Mad Max: Fury Road, The Menu နဲ့ Renfield သရုပ်ဆောင် Nicholas Hoult ဟာ ဟောလိဝုဒ်ရဲ့ blockbuster ရုပ်ရှင်ကားကြီးတွေကိုလက်လွှတ်ခဲ့ရတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
◼ The Guardian သတင်းစာက သတင်းထောက် Zoe Williams နဲ့ အင်တာဗျူးဆောင်ပါးတစ်ခုမှာ Nicholas Hoult ဟာ DC ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Batman, Tom Cruise ရဲ့ Top Gun: Maverick နဲ့ Mission: Impossible - Dead Reckoning Part 1 တို့ကို လက်လွှတ်ခဲ့ရကြောင်း ပြောပြလာပါတယ်။ Nicholas Hoult ဟာ The Batman နဲ့ Top Gun: Maverick တို့မှာပါဝင်ဖို့ screen test ပြုလုပ်ခဲ့ပေမယ့်လည်းငြင်းခံခဲ့ရကြောင်း၊ Mission: Impossible - Dead Reckoning Part 1 အတွက် Tom Cruise ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပြီး ပါဝင်ဖို့ရည်ရွယ်ထားပေမယ့်လည်း The Great ဇာတ်လမ်းတွဲရဲ့ Season သစ်အတွက် ရိုက်ကူးရေးအချိန်ဇယားတိုက်နေတဲ့အတွက် Mission: Impossible - Dead Reckoning Part 1 ကို လက်လွှတ်ခဲ့ရကြောင်း အဆိုပါအင်တာဗျူးဆောင်းပါးမှာ ပြောပြလာတာပါ။
"The Batman အတွက် screen test လုပ်တယ်၊ မရခဲ့ဘူး။ Top Gun အတွက်ရောလုပ်တာပဲ၊ မရခဲ့ပြန်ဘူး။ နောက်တော့ Tom Cruise က ကျွန်တော့်ကိုခေါ်တယ် 'ဟေး၊ Mission Impossible 7 မှာရော ပါမလား။' ကဲ လုပ်ပြီဟေ့ ပေါ့။ ဒါပေမယ့်လည်း The Great မှာ အချိန်နည်းနည်းပိုပေးထားရတော့ကျ ဒါကိုလည်းလက်လွှတ်ရပြန်ရော။"
◼ The Great ဟာ ရုရှားဧကရာဇ် Peter III အကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Nicholas Hoult ဟာ romance-comedy ရုပ်ရှင်တွေကိုရိုက်ကူးလိုကြောင်း အဆိုပါအင်တာဗျူးမှာပြောခဲ့ပါသေးတယ်။ Nicholas Hoult ရဲ့ ဒရာကူလာရုပ်ရှင် Renfield ဟာ လက်ရှိမှာရုံတင်ပြသနေပါတယ်။
◼ The Batman နဲ့ Top Gun: Maverick တို့ဟာ ဝင်ငွေအရရော၊ ရုပ်ရှင်အရပါ အသိမှတ်ပြုခံထားရတဲ့ရုပ်ရှင်တွေဖြစ်ကြပါတယ်။
Ref: Insider Entertainment
0 Comments