Part 2 နဲ့ Part 3 ရဲ့ ပြသရက်ကိုကြေညာလာတဲ့ Bollywood ရုပ်ရှင် Brahmastra
Bollywood | ဧပြီ ၄၊ ၂၀၂၃။
◼ ၂၀၂၂ က ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ Ayan Mukerji ရိုက်ကူးခဲ့တဲ့ ဘတ်ဂျက်မြင့် Bollywood fantasy ရုပ်ရှင် Brahmastra Part One: Shiva ဟာ Bollywood ပရိသတ်တွေကြားမှာသာမက အနောက်တိုင်းအထိပါအားပေးမှုအများအပြားရရှိခဲ့ပါတယ်။
◼ Brahmastra Part One: Shiva ကနေ အစပြုပြီး Astraverse ဆိုတဲ့ fantasy cinematic universe တစ်ခုကိုတည်ဆောက်သွားမှာဖြစ်ပါတယ်။ Astraverse မှာ Brahmastra Part Two နဲ့ Brahmastra Part Three ဆိုပြီး sequel ရုပ်ရှင်နှစ်ကားပါဝင်သွားဖြစ်ပြီး နှစ်ကားစလုံးကို Ayan Mukerji ကနေပဲ တာဝန်ယူရိုက်ကူးပေးသွားမှာပါ။
◼ Astraverse သုံးကားစလုံးကို ဘောလိဝုဒ်ရဲ့နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ Dharma Production, Prime Focus, Starlight Pictures နဲ့ Disney လက်အောက်ခံ Star Studios တို့ ပူးတွဲရိုက်ကူးသွားမှာဖြစ်ပါတယ်။
◼ ဒီကနေ့ ဧပြီ ၄ရက်နေ့မှာတော့ ဒါရိုက်တာ Ayan Mukerji က Brahmastra Part Two နဲ့ Brahmastra Part Three တို့ရဲ့ တရားဝင်ရုံတင်ပြသရက်ကိုထုတ်ပြန်ကြေညာလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ Brahmastra Part Two ကို ၂၀၂၆ ဒီဇင်ဘာ၊ Brahmastra Part Three ကို ၂၀၂၇ ဒီဇင်ဘာမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ Part One နဲ့ ပြသချိန်နှစ်ပိုင်းခန့်ကွာဟသွားခဲ့တာပါ။
◼ Part Two နဲ့ Part Three အတွက် အသေးစိတ်အကြောင်းအရာကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
◼ Brahmastra Part One: Shiva မှာ Amitabh Bachchan, Ranbir Kapoor, Alia Bhatt, Nagarjuna Akkineni နဲ့ Shah Rukh Khan တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းသဘောကတော့ စူပါဟီးရိုးအမျိုးအစားဖြစ်ပြီး ဘောလိဝုဒ် theme ကနေ အများကြီးကွဲထွက်နေတာကိုတွေ့ရပါတယ်။ Astra ဓာတ်တွေကိုဖျက်ဆီးမယ့် မကောင်းဆိုးဝါးတွေကို Shiva (Ranbir Kapoor) က တခြားသောစွမ်းအင်ပိုင်ရှင်တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ရတဲ့အကြောင်းဖြစ်ပါတယ်။
◼ မြန်မာပရိသတ်ကြားမှာ မြွေပျိုမယ်လို့လူသိများတဲ့ Naagin မင်းသမီး Mouni Roy ကို ဒီကားမှာ Junoon the Queen of Darkness ဆိုတဲ့ဗီလိန်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။
Ref: BOW
McGarrett ရေးသည်။
0 Comments