မြန်မာနိုင်ငံမှာ ရုံတင်ခြင်းမရှိတဲ့ တမီလ်ရုပ်ရှင် Ponniyin Selvan II
ဧပြီ ၂၉၊ ၂၀၂၃။
◼
◼ Ponniyin Selvan I အပါအဝင် အိန္ဒိယရုပ်ရှင်အများအပြားကို မြန်မာနိုင်ငံကရုပ်ရှင်တွေမှာ ဆက်တိုက်ရုံတင်ပြသပေမယ့်လည်း sequel ဖြစ်တဲ့ Ponniyin Selvan II ကိုတော့ မြန်မာနိုင်ငံမှာရုံတင်ပြသခြင်းမရှိခဲ့ပါဘူး။ မြန်မာရုပ်ရှင်ရုံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Mingalar Cinema နဲ့ JCGV တို့ကတော့ နည်းပညာအခက်အခဲကြောင့် Ponniyin Selvan II ကို ရုံတင်နိုင်ခြင်းမရှိခဲ့ကြောင်း ယမန်နေ့ ဧပြီ ၂၈၊ ၂၀၂၃ မှာ ၎င်းတို့ရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာတွေကနေတစ်ဆင့် ထုတ်ပြန်ကြေညာလာပါတယ်။
◼ Ponniyin Selvan II ရဲ့ ရုံတင်ခွင့်မရတဲ့အကြောင်းအရင်းဟာ နည်းပညာအခက်အခဲအပြင် တခြားအကြောင်းအရင်းတွေရှိနေတယ်လို့ သတင်းများထွက်ပေါ်နေပေမယ့်လည်း Myanmar Varient Entertainment အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
◼ လက်ရှိမှာတော့ မြန်မာရုပ်ရှင်ရုံတွေမှာ အိန္ဒိယရုပ်ရှင်အနေနဲ့ သရုပ်ဆောင် Salman Khan ရဲ့ remake ရုပ်ရှင် Ki Si Ka Bhai Ki Si Ki Jaan ကိုတော့ ရုံတင်ပြသနေပါတယ်။
◼ Ponniyin Selvan I နဲ့ Ponniyin Selvan II နှစ်ကားစလုံးကို နာမည်ကျော်အိန္ဒိယဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Mani Ratnam က ရိုက်ကူးပေးထားတာဖြစ်ပြီး Vikram, Aishwarya Rai Bachchan, Jayam Ravi, Karthi, Trisha, Sobhita Dhulipala, Prabhu, R. Sarathkumar, Vikram Prabhu, Prakash Raj, Rahman, R. Parthiban နဲ့ Lal တို့ ပါဝင်ထားကြပါတယ်။ Ponniyin Selvan I ဟာ မြန်မာပရိသတ်တွေကြားမှာလည်း အနည်းငယ်အောင်မြင်မှုရရှိခဲ့ပြီး ရလဒ်ကောင်းတချို့ကိုရရှိခဲ့ပါတယ်။
◼ Ponniyin Selvan ရုပ်ရှင်နှစ်ကားဟာ စာရေးဆရာ Kalki Krishnamurthy ရဲ့ ၁၉၅၄ ခုနှစ်ထုတ် ဝတ္ထုရှည် Ponniyin Selvan ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းသဘောကတော့ အိန္ဒိယနန်းတွင်းရေးရာအရှုပ်အထွေးတွေအကြောင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာပါ။ ပထမရုပ်ရှင် Ponniyin Selvan I ဟာ ရုံတင်ငွေစုစုပေါင်း အိန္ဒိယရူပီး ကုဋေ ၅၀၀ ကျော် ရရှိခဲ့ပါတယ်။
0 Comments