Porpular

6/recent/ticker-posts

The Last of Us လိုမျိုးထုတ်လုပ်သွားမယ်ဆိုတဲ့ God of War နဲ့ Horizon ဇာတ်လမ်းတွဲများ

The Last of Us လိုမျိုးထုတ်လုပ်သွားမယ်ဆိုတဲ့ God of War နဲ့ Horizon ဇာတ်လမ်းတွဲများ

ဧပြီ ၂၃၊ ၂၀၂၃။

◼ HBO ရဲ့ game live-action ဇာတ်လမ်းတွဲ The Last of Us ဟာ ဂိမ်းပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုအများအပြားရရှိခဲ့ပါတယ်။

◼ တစ်ဖက်မှာလည်း PlayStation Production နဲ့ Sony Pictures Televison ဟာ နာမည်ကျော်ဂိမ်းတွေဖြစ်ကြတဲ့ God of War နဲ့ Horizon ကို live-action ဇာတ်လမ်းတွဲတွေအဖြစ် ထုတ်လုပ်ပြသဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။

◼ ဂိမ်းတွေကို live-action အဖြစ် ဖန်တီးတဲ့အခါမှာ အောင်မြင်သွားတာထက် ဝေဖန်ခံရတာ၊ အရှုံးပေါ်တာတွေဟာအဖြစ်များပေမယ့်လည်း The Last of Us ကတော့ ထူးထူးခြားခြားအောင်မြင်သွားတဲ့အတွက် နောက်ထပ် game live-action ထုတ်လုပ်မယ့်ကုမ္ပဏီတွေဟာ အရင်ထက်ပိုပြီးသတိထားလာနေပါတယ်။

◼ The Last of Us ရဲ့ ထုတ်လုပ်ရေးအပိုင်းမှာ PlayStation Production နဲ့ Sony Pictures Televison ဟာလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး God of War နဲ့ Horizon ကို ထုတ်လုပ်မယ့် PlayStation Production ရဲ့ ဥက္ကဌ ကတော့ God of War နဲ့ Horizon ကိုလည်း The Last of Us လိုမျိုး နည်းစနစ်တကျထုတ်လုပ်သွားမယ်လို့ PlayStation ရဲ့ Official PlayStation Podcast အစီအစဥ်မှာအခုလိုပြောပြလာပါတယ်။

"The Last of Us မှာတုန်းက ကျွန်တော်လုပ်ခဲ့တဲ့ဖော်မြူလာနဲ့ပုံစံအတိုင်း Horizon နဲ့ God of War ကိုလည်း ဖန်တီးသွားမှာပါ။ ဂိမ်းရဲ့ဇာတ်လမ်းကို ကျွန်တော်တို့တင်ဆက်သွားမယ်၊ ဒါက ကျွန်တော်တို့လုပ်နိုင်လို့၊ ဒါက show လည်း ဖြစ်နေလို့၊ ကျွန်တော်တို့မှာအချိန်လည်းရလို့ပဲ။ နှစ်နာရီစာဇာတ်ကားတစ်ကားနဲ့ ပြွတ်သိပ်ထည့်သွားမှာမဟုတ်ဘူး။ ခင်ဗျားတို့တွေ ဂိမ်းရဲ့ဇာတ်လမ်းကိုလည်းတွေ့ရမယ်၊ ဂိမ်းအေဂျင်စီကြောင့် ထည့်ခွင့်မရတဲ့ ဇာတ်ကောင်တွေ၊ တည်ဆောက်ခွင့်မရတဲ့ဇာတ်အိမ်တွေကိုလည်း ကျွန်တော်တို့နောက်ထပ်ရှာဖွေဖော်ထုတ်တင်ဆက်သွားမယ်။"

◼ Sony နဲ့ PlayStation ရဲ့ လတ်တလော live-action တွေဖြစ်တဲ့ Resident Evil: Welcome to Raccoon City, Resident Evil Series နဲ့ Uncharted တို့ဟာ ဝေဖန်မှုများစွာရရှိခဲ့ပါတယ်။

◼ God of War ကို Amazon Prime Video မှာ ပြသမှာဖြစ်ပြီး Horizon ကိုတော့ Netflix မှာ ပြသမယ် ဆိုတာကလွဲလို့ ကျန်နေသေးတဲ့အသေးစိတ်တွေကိုတော့မသိရသေးပါဘူး။

Ref: ComicBook

Sub-Zero ရေးသည်။



Post a Comment

0 Comments