The Little Mermaid live-action မှာ ပါဝင်ဖို့ Harry Styles ငြင်းခဲ့တယ်
ဧပြီ ၅၊ ၂၀၂၃။
◼ Disney ရဲ့ live-action remake ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Little Mermaid ဟာ လာမယ့် မေ ၂၆၊ ၂၀၂၃ မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
◼ The Little Mermaid ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ မင်းသား Eric နေရာမှာ Jonah Hauer-King က ပါဝင်သရုပ်ဆောင်ထားပေမယ့်လည်း မူလက Eric နေရာအတွက် အဆိုတော် Harry Styles ကို လျာထားခဲ့တာဖြစ်ပါတယ်။ The Little Mermaid မှာ Eric အဖြစ် ပါဝင်ဖို့ကမ်းလှမ်းခဲ့ပေမယ့် Harry Styles ဘက်က ငြင်းခဲ့ကြောင်း သိရပါတယ်။ ဒီလိုငြင်းခဲ့ရတာဟာ အကြောင်းပြချက်နှစ်ခုကြောင့်ဖြစ်တယ် လို့ The Little Mermaid ဒါရိုက်တာ Rob Mrashall နဲ့ Entertainment Weekly မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုအရသိရပါတယ်။
◼ Harry Styles အနေနဲ့ ပိုပြီးလေးနက်တဲ့ဇာတ်လမ်းမျိုးကိုရိုက်ကူးလိုတဲ့အတွက်ဖြစ်သလို အဆိုတော်ဘဝကနေ သရုပ်ဆောင်ဘဝကိုရောက်လာတာဖြစ်တဲ့အတွက် musical ရုပ်ရှင်ကိုရိုက်ကူးတဲ့အခါမှာ အဆိုတော်အနေနဲ့မြင်ကြမှာကိုမလိုချင်တဲ့အတွက် The Little Mermaid ကို ငြင်းခဲ့တာဖြစ်တယ် လို့ အဆိုပါအင်တာဗျူးအရသိရပါတယ်။
◼ Eric သရုပ်ဆောင် Jonah Hauer-King ဟာ ၂၀၁၇ ရုပ်ရှင် Little Women မှာ ပိုမိုလူသိများလာခဲ့ပါတယ်။
Ref: Insider Entertainment
Sub-Zero ရေးသည်။
0 Comments