Superman: Legacy ဟာ Guardians ရုပ်ရှင်တွေနဲ့ လုံးဝပုံစံတူမှာမဟုတ်
DC | ဧပြီ ၅၊ ၂၀၂၃။
◼ Marvel ရဲ့ Guardians of the Galaxy ရုပ်ရှင်တွေရဲ့ဒါရိုက်တာ James Gunn ဟာ Warner Bros. Discovery လက်အောက်ခံ DC Studios ရဲ့ ပူးတွဲ CEO တစ်ယောက်ဖြစ်လာသလို DC Universe သစ်ရဲ့ အဓိကရုပ်ရှင်တစ်ကားဖြစ်တဲ့ Superman: Legacy ကိုလည်း ဇာတ်ညွှန်းနဲ့ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးပေးသွားဦးမှာဖြစ်ပါတယ်။
◼ Supemarn: Legacy ဟာ Henry Cavill ရဲ့ Superman ကို ပြန်လည်အသုံးမပြုပဲ Henry Cavill ထက် အသက်ပိုငယ်တဲ့တခြားသရုပ်ဆောင်နဲ့ရိုက်ကူးမှာဖြစ်တဲ့အပြင် James Gunn ရဲ့ Guardians of the Galaxy ရုပ်ရှင်တွေနဲ့ The Suicide Squad ရဲ့လွှမ်းမိုးမှုတွေကြောင့် ပရိသတ်တွေက Superman: Legacy အပေါ်ကို စိတ်ပူနေကြပါတယ်။
◼ ဇူလိုင် ၁၁၊ ၂၀၂၅ မှာ ရုံတင်ပြသမယ့် Superman: Legacy ဟာ Guardians ရုပ်ရှင်တွေနဲ့ လုံးဝပုံစံတူမှာမဟုတ်ကြောင်း James Gunn က Rolling Stone သတင်းစာနဲ့အင်တာဗျူးတစ်ခုမှာ ပြောပြလာပါတယ်။
"ဒီကားတွေရိုက်ရင်းနဲ့ သင်ယူထားမိတာတွေရှိပါတယ်။ ဒါပေမယ့် Superman မှာ Guardians တွေနဲ့ ပုံစံတူ vibe တွေတော့ရှိမှာမဟုတ်ပါဘူး။ ဒါက လုံးဝမတူညီတဲ့ပုံစံပါ။"
◼ လာမယ့် မေ ၅၊ ၂၀၂၃ မှာ ပြသမယ့် Guardians of the Galaxy: Vol 3 ဟာ James Gunn ရဲ့ နောက်ဆုံး Marvel ရုပ်ရှင်ဖြစ်ပြီး အဲဒီနောက်မှာတော့ James Gunn ဟာ MCU ကို နှုတ်ဆက်ပြီး DC Studios ကို ဝင်ရောက်ကာ Peter Safren နဲ့ အတူ DC ပရောဂျက်တွေကို တာဝန်ယူဖန်တီးတော့မှာဖြစ်ပါတယ်။
◼ DC Universe သစ်အတွက် တရားဝင်ကြေညာထားတဲ့ ပထမဆုံးပရောဂျက်ဆယ်ခုထဲမှာ Superman: Legacy က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Superman နေရာအတွက် သရုပ်ဆောင်ရွေးချယ်ထားခြင်းတော့မရှိသေးပါဘူး။
Ref: Variety
Sub-Zero ရေးသည်။
0 Comments