အယ်လ်ဇိုင်းမားရောဂါကြောင့် အနုပညာအလုပ်တွေကို လျှော့ချထားနိုင်တဲ့ Chris Hemsworth
ဧပြီ ၅၊ ၂၀၂၃။
◼ ဟောလိဝုဒ်ရဲ့ A-list အဆင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Chris Hemsworth ဟာ အယ်လ်ဇိုင်းမားရောဂါအခြေအနေကြောင့် အနုပညာအလုပ်တွေကိုနောက်ဆုတ်ထားရပါတယ်။
◼ Marvel ရုပ်ရှင်တွေမှာ Thor အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Chris Hemsworth ဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတာဖြစ်ပြီး ရောဂါအခြေအနေကျယ်ပြန့်လာမှုကြောင့် အနုပညာအလုပ်လုပ်ဆောင်မှုတွေကို လျှော့ချထားရကြောင်း Page Six သတင်းအရသိရပါတယ်။ Page Six ရဲ့ အဆိုပါသတင်းအရ Chris Hemsworth ဟာ ပရောဂျက်ကြီးကြီးမားမားတွေကို ဆက်လက်လုပ်ကိုင်မှာမဟုတ်ပဲ ပရောဂျက်သေးသေးတွေကိုပဲလုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့သိရပါသေးတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Chris Hemsworth ဘက်က အတည်ပြုခြင်းမရှိသေးပါဘူး။
◼ လက်ရှိ Chris Hemsworth ဟာ Mad Max prequel ရုပ်ရှင် Furiosa မှာ ပါဝင်ထားသလို သူ့ရဲ့ Netflix ရုပ်ရှင် Extraction 2 ဟာလည်း ၂၀၂၃ ထဲမှာ ပြသဦးမှာပါ။
◼ Chris Hemsworth ဟာ Limitless ဆိုတဲ့ documentary series ရဲ့ အပိုင်း ၅ အတွက် မျိုးရိုးဗီဇစမ်းသပ်မှု လုပ်ကြည့်တဲ့အခါမှာ အယ်လ်ဇိုင်းမား ရောဂါခံစားရမှုဖြစ်နိုင်ချေ ၈ ကနေ ၁၀ အတွင်းမှာ ရှိနေတယ်လို့ ရလဒ်ထွက်ခဲ့ပါတယ်။
◼ Chris Hemsworth ရဲ့ အဘိုးဟာလည်း အယ်လ်ဇိုင်းမား ရောဂါခံစားခဲ့ရဖူးပါတယ်။
◼ အယ်လ်ဇိုင်းမား ရောဂါဟာ မှတ်ဉာဏ်တွေကို ဖျက်စီးပြီး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို လျော့ရဲစေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
◼ Chris Hemsworth ရဲ့ Limitless documentary series ဟာ Chris ရဲ့ ကျန်းမာရေးနဲ့အညီ နေထိုင်တဲ့ပုံစံနဲ့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်လဲဆိုတာကို လမ်းညွှန်ပြတဲ့ series တစ်ခုဖြစ်ပါတယ်။
Ref: CBR
Sub-Zero ရေးသည်။
0 Comments