Porpular

6/recent/ticker-posts

Spider-Man: Across the Spider-Verse ဟာ ၂၀၂၃ ရဲ့ စိတ်ဝင်စားမှုအများဆုံး Marvel ရုပ်ရှင်ဖြစ်လာ

Spider-Man: Across the Spider-Verse ဟာ ၂၀၂၃ ရဲ့ စိတ်ဝင်စားမှုအများဆုံး Marvel ရုပ်ရှင်ဖြစ်လာ

ဧပြီ ၆၊ ၂၀၂၃။

◼ Sony Marvel animated ရုပ်ရှင်တစ်ကားဖြစ်တဲ့ Spider-Man: Across the Spider-Verse ရဲ့ ဒုတိယမြောက် trailer ဟာ ဧပြီ ၄ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ 

◼ Spider-Man: Across the Spider-Verse ရဲ့ ဒုတိယမြောက် trailer ဟာ ထွက်ရှိလာပြီး ၂၄ နာရီအတွင်းမှာတင် ကြည့်ရှုမှုပမာဏ ၁၄၈.၆ သန်းအထိရှိလာကာ ၂၀၂၃ ရဲ့ စိတ်ဝင်စားမှုအများဆုံး Superhero ရုပ်ရှင်ဖြစ်လာနေကြောင်း တွေ့ရှိရပါတယ်။

◼ ၂၀၂၃ မှာ trailer ထွက်ခဲ့တဲ့ Guardians of the Galaxy Vol. 3 ဟာ ကြည့်ရှုမှုပမာဏ ၁၁၆.၉ သန်း၊ ၂၀၂၃ မှာ ရုံတင်ခဲ့တဲ့ Ant-Man & the Wasp: Quantumania ရဲ့ trailer ဟာလည်း ကြည့်ရှုမှုပမာဏ ၈၃.၈ သန်းသာရှိခဲ့ပါတယ်။

◼ ၂၀၂၂ ထုတ် Marvel ရုပ်ရှင်တွေရဲ့ trailer ကြည့်ရှုမှုပမာဏတွေကိုလည်း Spider-Man: Across the Spider-Verse က စံချိန်ချိုးခဲ့ပါသေးတယ်။ Doctor Strange in the Multiverse of Madness ၁၂၁.၆ သန်း၊ Thor: Love and Thunder ၉၈.၁ သန်း နဲ့ Black Panther: Wakanda Forever ၈၄.၈ သန်း အသီးသီးရှိခဲ့ကြတာပါ။

◼ Spider-Man: Across the Spider-Verse ဟာ ၂၀၁၈ ထုတ် Spider-Man: Into the Spider-Verse ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီး Shameik Moore က Miles Morales အဖြစ်၊ Hailee Stenifield က Gwen Stacy အဖြစ်နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားပါသေးတယ်။ Spider-Man: Across the Spider-Verse ကို ဒါရိုက်တာ Joaquim Dos Santos, Kemp Powers နဲ့ Justin K. Thompson တို့က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Phil Lord & Christopher Miller နဲ့ David Callaham တို့က ရေးသားပေးထားတာပါ။

◼ ရုံတင်ငွေ ကန်ဒေါ်လာ ၃၈၄ သန်းကျော် ရရှိခဲ့တဲ့ Spider-Man: Into the Spider-Verse ဟာ sequel နှစ်ခုထွက်ရှိမှာဖြစ်ပြီး Spider-Man: Across the Spider-Verse ကို ဇွန် ၂၊ ၂၀၂၃ မှာ ပြသမှာပါ။ နောက်ထပ် sequel ဖြစ်တဲ့ Spider-Man: Beyond the Spider-Verse ကိုတော့ မတ် ၂၉၊ ၂၀၂၄ မှာမှ ပြသမှာဖြစ်ပါတယ်။ 

Ref: Deadline

McGarrett ရေးသည်။



Post a Comment

0 Comments