Black Superman ရုပ်ရှင်ကို James Gunn အတည်ပြုလိုက်ပြီ
DC | မေ ၁၊ ၂၀၂၃။
◼ DC ပရိသတ်တွေဟာ DCU အသစ်အတွက် DC Studios CEO James Gunn ကိုယ်တိုင် ရိုက်ကူးမယ့် Superman: Legacy အပြင် နောက်ထပ် Superman ရုပ်ရှင်တစ်ကားကိုလည်း ထပ်မံကြည့်ရှုခွင့်ရဦးမှာဖြစ်ပါတယ်။
◼ ဇာတ်ညွှန်းဆရာ Ta-Nehisi Coates ရေးသားပြီး ဒါရိုက်တာ J.J. Abrams ရိုက်ကူးမယ့် Black Superman Val-Zod အကြောင်းကို ရိုက်ကူးသွားမယ့် Superman ရုပ်ရှင်ဟာ ဖျက်သိမ်းခံရခြင်းမရှိပဲ ဆက်လက်ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ကြောင်း James Gunn က Gizmodo ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးကနေတစ်ဆင့် အတည်ပြုလာခဲ့ပါတယ်။
◼ J.J. Abrams ရဲ့ Superman Project ဟာ ဘုတ်အဖွဲ့အတွင်းမှာပဲရှိနေသေးပေမယ့် ဒီဇာတ်ကားဟာ Joker လိုမျိုး Elseworlds Style လိုသွားမယ်လို့လည်း ပြောထားပါတယ်။
◼ James Gunn ရဲ့ မှတ်ချက်အရ Superman: Legacy နဲ့ J.J. Abrams ရဲ့ Black Superman ဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရှိပဲ သပ်သပ်စီသွားမှာဖြစ်ပြီး ဇာတ်လမ်းတွေကလည်းမတူသလို J.J. Abrams ရဲ့ Superman ဟာ ပိုပြီး Dark ဆန်မယ်လို့လည်း သိရပါသေးတယ်။
◼ Ta-Nehisi Coates ရေးသားတဲ့ Black Superman ရုပ်ရှင် ဟာ DC ရဲ့ Val-Zod ဇာတ်ကောင်ကိုအခြေခံထားတာဖြစ်ပြီး ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်မှာ စတင်ကြေညာခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ထွက်မလိုလို မထွက်မလိုလိုနဲ့ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။
◼ ယခုအခါမှာတော့ DC ရဲ့ အကူးအပြောင်းကာလမှာ ဒီ Black Superman ဇာတ်ကားဟာ ရိုက်ကူးသွားမယ်လို့ အတည်ပြုပေးလိုက်ပြီဖြစ်သလို Ta-Nehisi Coates ကလည်း သူ့ရဲ့ Black Superman ဇာတ်လမ်းကို Warner Bros လက်ခံခဲ့လို့ ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။ Val-Zod နေရာအတွက် လွန်ခဲ့တဲ့ကာလတွေက Creed သရုပ်ဆောင် Michael B. Jordan က သရုပ်ဆောင်မယ်လို့သတင်းထွက်ခဲ့ပါသေးတယ်။
◼ Black Superman စတင် ရိုက်ကူးတော့မယ့်အပေါ် စာဖတ်သူတွေ ရော ဘယ်လိုမြင်မိလဲ ဆိုတာ ဆွေးနွေးနိုင်ပါတယ်။
Ref: ComicBook
John Snow ရေးသည်။
0 Comments