အသစ်ထွက်လာတဲ့ Evil Dead Rise ရုပ်ရှင်အပေါ် Myanmar Varient Entertainment ရဲ့ အမြင်နှစ်ခု
မေ ၁၁၊ ၂၀၂၃။
◼ တစ်ခေတ်တစ်ခါက horror လောကမှာ ရေပန်းစားခဲ့တဲ့ Evil Dead ဟာ ယခုအခါမှာတော့ Evil Dead Rise ဆိုတဲ့ ရုပ်ရှင်သစ်တစ်ကား ထွက်ရှိလာပါတယ်။
◼ ဒီရုပ်ရှင်အပေါ် MVE ဝိုင်းတော်သားနှစ်ယောက်ဖြစ်တဲ့ Harry နဲ့ Jon Snow တို့က ၎င်းတို့ရဲ့ မတူညီတဲ့အမြင်နှစ်ခုကို ပရိသတ်တွေဖတ်ရှုဖို့ ရေးသားဖော်ပြပေးထားပါတယ်။
◼ တစ်ပုံစီမှာဖတ်ရှုနိုင်ပါတယ်။
Evil Dead Rise (2023) | ပထမအမြင်
◼ ပထမဆုံးမေးချင်တာကတော့ Horror ကားတွေရဲ့ရွှေခေတ်က ကုန်သွားပြီလားဆိုတာထက် horror ကား အစစ်တွေ တကယ် ပြန်မလာတော့ဘူးလားပဲ မေးရတော့မယ်။
◼ အရင် Classic ၃ ကားတုန်းက Hollywood ရဲ့ ဖန်တရာတေနေတဲ့ ဇာတ်လမ်းတွေကနေ ခွဲထွက်ရိုက်ပြနိုင်ခဲ့ပြီးတော့ အခုကားတွေကျတော့ ဒုံရင်းကဒုံရင်းပြန်ဖြစ်လာသလိုပဲ။
◼ ဒါပေမယ့် Horrorကားကောင်းကောင်းမထွက်တော့တဲ့ခေတ်မှာ အဆိုးထဲကအကောင်းလို့ပဲပြောရမယ်။ Evil Dead တွေက Insidious တို့၊ Conjuring တို့လိုမဟုတ်ပဲ တမူကွဲနေတဲ့အတွက် သွားပြီးတော့မယှဥ်ကြနဲ့ပေါ့။
◼ ဇာတ်လမ်းကတော့ Evil dead movie တွေရဲ့ Iconတစ်ခုလိုဖြစ်လာတဲ့ သေမင်းစာအုပ်ကို ကလေးတစ်ယောက်ကတွေ့မိပြီး ဘာဆက်ဖြစ်မလဲ၊ ဘယ်သူတွေသေမလဲ၊ ဘယ်သူတွေရှင်ကျန်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။
◼ ဇာတ်လမ်းကအစောပိုင်းမှာ Horror vibe အပြည့်အဝရတယ်လိုခံစားရပေမယ့် နောက်ပိုင်းကျ တစ်ဖြည်းဖြည်း နည်းလာသလိုပါပဲ။ ဒါပေမဲ့ Evil dead ရဲ့ထုံးစံအတိုင်း သွေးထွက်ကြမ်းမယ်၊ မျက်ခွက်ဆိုးတဲ့ Demonic possessတွေနဲ့လူသားတွေပါမယ်၊အသတ်အဖြတ်တွေ ရှယ်ကြမ်းမယ်။
◼ ဒီမှာပြောစရာရှိတာ အသတ်အဖြတ်အခန်းတွေဟာ ကြမ်းလားမကြမ်းလားဆိုတာထက် တော်တော်လေးကိုနည်းတယ်ပြောရမယ်။ (ဒါဟာလည်း Hotel မှာအခြေတည်ပြီးရိုက်ထားလို့နည်းတာလည်းဖြစ်နိုင်ပါတယ်) အစောပိုင်း ဒါရိုက်တာရဲ့ ပြောပုံအရ သွေးတုပေါင်း၆ဂါလံတောင်သုံးထားတယ်ဆိုတော့ ဒီထက်ပိုမျှော်လင့်မိတာတော့အမှန်ပါပဲ။ ဒါပေမယ့် ထင်သလိုဖြစ်မလာဘဲ သွေးတု၆ဂါလံဆိုတာက ဓာတ်လှေကားထဲ သွေးဖြည့်တဲ့နေရာကိုပဲ သပ်သပ် သုံးသွားသလိုပဲ။
◼ ပြီးတော့ သေမင်းစာအုပ်အကြောင်းက အရင်classis ၃ကားမှာသေချာပြခဲ့လို့နဲ့တူတယ်၊ ဒီကားမှာတော့ စာအုပ်အကြောင်းက နည်းနည်းပဲပါလာတာကိုတွေ့ရတယ်။ Book of the death က သုံးအုပ်ရှိတာကိုလည်း မန်းရှင်းသွားတော့ တစ်ကယ်လို့နောက်ကားတွေဆက်ထွက်ရင် စာအုပ်အကြောင်းကိုပိုသိရမယ်ထင်တယ်။
◼ ကြိုက်မိတာကတော့ နောက်ဆုံးအခန်းမှာ Evil Dead ရဲ့ iconတစ်ခုလိုဖြစ်နေတဲ့ လွှစက်ကိုသုံးပေးသွားတာပါပဲ။
◼ ဇာတ်လမ်းအရတော့ Rating ကို 3, 4 လောက်ပဲ ပေးချင်ပေမဲ့ ဝင်ပူးခံရတဲ့ဘွားတော်သရုပ်ဆောင်တာကတော့ ရှယ်လန်းလို့ ကျွန်တော်ကတော့ 6/10 လောက်ပေးပါတယ်။ တကယ်လည်း သူပဲcarryသွားလို့ ဒီလောက်ကောင်းတယ် ခံစားရတာပါ။ ဒါပေမယ့် Rise ဆိုတဲ့အတိုင်း ပြစ်ချက်ရှိလည်း သည်းခံပေါ့။
Harry ရေးသည်။
Evil Dead Rise (2023) | ဒုတိယအမြင်
◼ Evil Dead Rise ကိုတော့ တော်တော်များများကြည့်ပြီးကြမယ်လို့ထင်ပါတယ်။ အဲဒါကြောင့် Evil Dead Rise နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကိုလည်း ရေးပေးထားပါသေးတယ်။
◼ ဒါဆို Evil Dead Rise က ကောင်းလား။
◼ ကောင်းတာကတော့ ကောင်းပါတယ်။ Horror ထက် သွေးထွက်သံယိုတွေကို ကြည့်ရတာကြိုက်တဲ့ သူဆိုရင်တော့ ဒီဇာတ်ကားဟာ ကြည့်ရတာ အရသာတော်တော်ရှိလှမှာပါ။
◼ ကောင်းတာကတော့ ဇာတ်လမ်းမပျင်းရအောင် ဇာတ်လမ်းအစမှာထဲက နောက်တစ်ခု ဇာတ်လမ်းဆက်ဖို့အတွက်လုပ်ထားတာကို အရင်ချပြထားတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲ့တာနဲ့ ဇာတ်လမ်းကို ဆွဲခေါ်သွားနိုင်ပါတယ်။
◼ ဖန်ကွဲစတွေစားပြီး လည်ပင်းထဲမှာ ဖန်စကိုဖောက်ထွက်မတက် မြင်နေရတာတွေ၊ ပါးစပ်ထဲ တုတ်ကြီး ထိုးထည့်ထားတာတွေ၊ မျက်လုံးကျွတ်ထွက်သွားတာတွေ၊ ကတ်ကြေးနဲ့ မျက်နာကို ထိုးခွဲတာတွေ ဒါတွေက တော်တော်လေးကို ထူးထူးခြားခြား Effect တွေနဲ့ လုပ်ထားတာကို တွေ့ရတယ်။
◼ သွေးထွက်သံယို ကြောက်တဲ့သူတွေအတွက် မျက်လုံးကိုလက်နဲ့ကာပြီးကြည့်ရလောက်တဲ့အထိ ကြမ်းပါတယ်။ ကြောက်စရာလန့်စရာတွေကို အပြီအပြင် ကြောက်ဖို့ ကောင်းအောင်လုပ်ထားတာက အားရမိတဲ့အချက်ပါပဲ။
◼ ဒါဆို Evil Dead Rise က ဘယ်နေရာတွေ မကောင်းဘူးလဲ။
◼ Runtime အရမ်းနည်းတာပါ။ အဲ့ထက် နည်းနည်းလောက်ရှည်ပြီး Character တွေကို Role ကောင်းကောင်းတင်ပေးလိုက်ရင် ကြည့်လို့ကောင်းနေပါပြီ။
◼ အခု Character တွေအားလုံးက အရမ်းမြန်မြန်ကြီး Evil ဖြစ်ပြီး မြန်မြန်ကြီး ဇာတ်သိမ်းဖို့ သွားနေသလိုဖြစ်နေပါတယ်။ အဓိကက Character တစ်ယောက်ချင်းစီကို မတူညီတဲ့ Evil တစ်ကောင်ကောင်နဲ့ ရင်ဆိုင်ခိုင်းလိုက်ရင်လည်း အဆင်ပြေပါတယ်။
◼ နောက်တစ်ခုက Book of the Dead ပါ။ ဒီစာအုပ်က နည်းနည်း အရာမဝင်သလိုဖြစ်နေပါတယ်။ သူ့ကိုကျော်ပြီး အားလုံးက ဖြစ်နေတာဆိုတော့ ဇာတ်ဝင်ခန်းတိုင်းက သူ့ကိုတောင်မေ့နေပါတယ်။
◼ မကောင်းတာကတော့ သွေးတွေ ဂါလံပေါင်းများစွာ မလိုအပ်ပဲသုံးထားတာပါ။ ဓာတ်လှေကား Scene ဆိုရင် သွေးတွေရောက်တာပြီးတော့ နောက်ပြီး ဘာမှမဖြစ်သွားခဲ့ပါဘူး။
◼ နောက်ဆုံး အတိုချုံးပြီးပြောရရင် Evil Dead Rise က Horror ကားကြိုက်သူတွေကြားမှာ ရေပန်းစားနေတဲ့အပြင် ရုံဝင်ငွေအရလည်း အောင်မြင်နေတော့ ကြည့်သင့်တဲ့ထဲ ပါတဲ့ ဇာတ်ကားဖြစ်ပါတယ်။
◼ IMDb 7/10 ရထားပြီး Box Office 97.5 million ရထားတဲ့ Horror ကားကောင်းဖြစ်ပါတယ်။
Jon Snow ရေးသည်။
0 Comments