Jedi တွေ မှားတယ်ဆိုတာကိုသက်သေပြမယ့် Star Wars: The Acolyte ဇာတ်လမ်းတွဲ
မေ ၇၊ ၂၀၂၃။
◼ Star Wars Episode I: The Phantom Menace ကို ဖြစ်ပေါ်စေမယ့်အခြေအနေ၊ Anakin Skywalker မမွေးခင် နှစ်တစ်ရာကာလနဲ့ Jedi တွေ အာဏာရနေတဲ့ The High Republic ခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ Star Wars ဇာတ်လမ်းတွဲ Star Wars: The Acolyte ဟာ ၂၀၂၄ မှာ Disney+ မှာ ပြသမှာဖြစ်ပါတယ်။
◼ Star Wars မှာ Jedi တွေဟာ အကောင်းဘက်ကဖြစ်ပေမယ့် အကောင်းဘက်ကလူတွေကလည်း တစ်ခါတစ်ခါမှာတော့ အမှားတွေလုပ်တတ်မိတယ်ဆိုတာကို Star Wars: The Acolyte မှာ ပြသပေးသွားမှာပါ။ ဒါ့အပြင် dark side ရဲ့ ထွက်ပေါ်လာမှုအတွက် Jedi တွေမှာသာအပြစ်ရှိကြောင်းနဲ့ ပရိသတ်တွေမသိသေးတဲ့သမိုင်းကြောင်းတချို့ကိုလည်း Star Wars: The Acolyte မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
◼ Star Wars: The Acolyte ကို Russian Doll ရဲ့ co-creator Leslye Headland က ဇာတ်ညွှန်းရေးသားပေးမှာဖြစ်သလို The Hate U Give သရုပ်ဆောင် Amandla Stenberg က အဓိကအမျိုးသမီးဇာတ်ကောင် Aura အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဇာတ်လမ်းသဘောကတော့ Padawan ဟောင်း တစ်ယောက်ဟာ ၎င်းရဲ့ Jedi Master နဲ့ အတူ ထူးခြားတဲ့ပြစ်မှုတွေကိုလိုက်လံစုံစမ်းရင်းကနေ ပြဿနာအကြီးကြီးတွေကိုတွေ့ရှိသွားတဲ့အကြောင်းဖြစ်ပါတယ်။
◼ Star Wars: The Acolyte ဟာ Jedi တွေရဲ့အမှားတွေကို သက်သေပြပေးမှာဖြစ်ကြောင်း Leslye Headland က Empire မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပြောလာပါတယ်။
"မူရင်းနဲ့လုံးဝတူညီတာကိုဖန်တီးတဲ့အခါမှာ ကိုယ်ရောက်နေတဲ့ခေတ်အခြေအနေနဲ့ပတ်သက်ပြီးမေးခွန်းထုတ်ချင်ကြမှာပဲ။ ကျွန်မထင်တာကတော့ အခုချိန်မှာ စိတ်ဝင်စားဖို့အကောင်းဆုံးက အားလုံးက Jedi တွေ မှန််တယ်လို့ထင်နေကြတာပဲ။ Jedi တွေကလည်း သူတို့ကိုယ်သူတို့မှန်တယ်ထင်နေကြတယ်။ George Lucas ကတော့ သူတို့တွေမှားတယ်ဆိုတာကို Phantom Menace မှာ ပြခဲ့တယ်။ အမှောင်ထုနိုးထလာမှုနဲ့ပတ်သက်ပြီး ရှုထောင့်အကြီးကြီးတစ်ခုကိုသူတို့လွတ်သွားတယ်။"
◼ Star Wars: The Acolyte မှာ Amanda Stenberg နဲ့ အတူ Matrix သရုပ်ဆောင် Carrie-Anne Moss, Squid Game သရုပ်ဆောင် Lee Jung-jae အပြင် Jodie Turner-Smith, Dafne Keen, Charlie Barnett, Dean-Charles Chapman နဲ့ Manny Jacinto တို့လည်း ပါဝင်သွားမှာပါ။
◼ ၂၀၂၃ မှာတော့ Star Wars ဇာတ်လမ်းတွဲသစ်နှစ်ခုဖြစ်တဲ့ Ashoka နဲ့ Skeleton Crew တို့ကို ကြည့်ရှုရဦးမှာဖြစ်ပါတယ်။
Ref: MovieWeb
McGarrett ရေးသည်။
0 Comments