Loki Season 2 ပြသရက် ထင်ထားတာထက်ပိုမိုနောက်ကျနိုင်
မေ ၇၊ ၂၀၂၃။
◼ Tom Hiddleston နဲ့ Owen Wilson တို့ရဲ့ Disney+ MCU ဇာတ်လမ်းတွဲ Loki ရဲ့ Season 2 ရဲ့ စတင်ပြသရက်ဟာ ပရိသတ်တွေမျှော်မှန်းထားတဲ့အချိန်ထက်ကိုပိုနောက်ကျဦးမယ်လို့သိရပါတယ်။
◼ အစောပိုင်းအစီအစဉ်တွေအရ Loki Season 2 ကို ယခုနှစ်နွေရာသီအကုန်မှာ ပြသဖို့ရည်ရွယ်ထားသလို Mobius အဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Owen Wilson ကလည်း ၂၀၂၃ နွေရာသီအကုန် ဒါမှမဟုတ် စက်တင်ဘာလကုန်တွင် ပြသရန်မျှော်လင့်ထားကြောင်း မှတ်ချက်ပြုခဲ့ပါသေးတယ်။
◼ အခုချိန်မှာတော့ ဟောလိဝုဒ်စာရေးဆရာတွေရဲ့ သပိတ်မှောက်မှုတွေ၊ စွဲချက်တင်ခံထားရတဲ့မင်းသား Jonathan Majorsရဲ့အမှုကိစ္စတွေကြောင့် Loki Season 2 ဟာ ပရိတ်သတ်တွေမျှော်လင့်ထားတဲ့အချိန်ထက် ပိုပြီးနောက်ကျမှာဖြစ်ကြောင်း နဲ့ ၂၀၂၃ အောက်တိုဘာလထဲမှာမှ ပြသနိုင်ကြောင်း The Direct နဲ့ Cosmic Circle ဝက်ဘ်ဆိုက်ရဲ့သတင်းများအရသိရပါတယ်။
◼ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Marvel Studio ဘက်က တစ်စုံတစ်ရာ အတည်ပြုထားခြင်းမရှိပါဘူး။
◼ Loki ဟာ Disney+ MCU Series တွေထဲမှာ အောင်မြင်မှုအရှိဆုံး series တစ်ခုဖြစ်သလို Season 2 မှာ MCU ရဲ့ အဓိကဗီလိန်ဖြစ်လာမယ့် Kang variant တွေ အကြောင်းကိုတွေ့ရမှာဖြစ်တဲ့အတွက် ပရိသတ်တွေကရင်ခုန်မျှော်လင့်နေကြတာပါ။
Ref: The Direct
Harry ရေးသည်။
0 Comments