The Dark Knight trilogy မှာ Batman ဖြစ်ချင်ခဲ့တဲ့ Cillian Murphy
မေ ၁၃၊ ၂၀၂၃။
◼ နာမည်ကျော် အိုင်းရစ်ရှ်သရုပ်ဆောင် Cillian Murphy ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်တုန်းက ဒါရိုက်တာ Christopher Noaln ရဲ့ The Dark Knight Trilogy ရဲ့ ပထမဆုံးရုပ်ရှင် Batman Begins မှာ Batman အဖြစ် ပါဝင်ခွင့်ရဖို့ကြိုးစားခဲ့ဖူးပါတယ်။
◼ ဒါပေမယ့် ရုပ်ရှင်အတွက် Christopher Nolan နဲ့ Cillian Murphy တို့ ပထမဆုံးအကြိမ် စကားပြောဆိုပြီးမှာတော့ Cillian Murphy ရော၊ Christopher Nolan ရောကပါ Murphy ဟာ Batman အသစ်ဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုသိခဲ့ကြကြောင်း Entertainment Weekly နဲ့ အင်တာဗျူးတစ်ခုမှာ နှစ်ယောက်စလုံး ဝန်ခံခဲ့ကြပါတယ်။ သို့ပေမယ့်လည်း Christopher Nolanကတော့ Murphy ရဲ့ စမ်းသပ်ချင်စိတ်ကိုမတားခဲ့ပါဘူး။ အဲဒါကြောင့် Christopher Nolan ဟာ Cillian Murphy တစ်ယောက် Batman နေရာကနေ audition ဝင်ထားတဲ့ စမ်းသပ်ပြသမှုကို Warner Bros. နဲ့ Legendary ဘက်က အကြီးတန်းတာဝန်ရှိသူတွေဆီကိုပြသခဲ့ပါတယ်။
◼ Christopher Noaln က Cillian Murphy ကို အဆိုပါ Entertainment Weekly နဲ့ အင်တာဗျူးမှာ Batman audtion အကြောင်း အခုလိုပြောလာပါတယ်။
“ငါတို့ နှစ်ခန်းလုပ်ခဲ့တယ်။ Bruce Wayne က တစ်ခန်း၊ Batman တစ်ခန်းပေါ့။ အကြီးတန်းတာဝန်ရှိသူတွေကို ဒီဟာကိုကြည့်ဖြစ်အောင်ကြည့်သွားရအောင်လို့ ငါသေချာပြခဲ့တယ်။ အကုန်လုံးက မင်းကိုကြည့်ပြီးကြိုက်ကုန်ကြတာပဲ၊ အဲမှာငါက 'ကိုင်း Christian Bale ကတော့ Batman ဗျာ၊ Cillain Murphy ကို Scarecrow လုပ်လိုက်ရင်ရော' လို့ မေးတာပေါ့။ ဘယ်သူမှမငြင်းဘူးဗျာ။ ဟိုတုန်းက Batman ဗီလိန်တွေနေရာကို Jack Nicholson, Arnold Schwarzenegger, Jim Carrey တို့လို တကယ့်ဆရာကြီးတွေသရုပ်ဆောင်ကြတာ။ မင်းကိုကျတော့ အဲဒီ audition ကြောင့်သဘောကျသွားကြတာ။ မင်း Scarecrow ဖြစ်လာတာ အဲဒါကြောင့်။”
◼ Christopher Nolan ဟာ Cillain Murphy ကို Batman နေရာအတွက် audition အစမ်းပြုလုပ်ခဲ့တာဟာ Cillain Murphy ကို Batman နေရာအတွက်မဟုတ်ပဲ ဗီလိန်နေရာအတွက် အသုံးပြုသင့်ကြောင်း Warner Bros. နဲ့ Legendary ကို စည်းရုံးဖို့အတွက်ဖြစ်သလို အဲဒီ audition ကြောင့်ပဲ Cillian Murphy ဟာ The Dark Knight trilogy မှာ Dr. Jonathan Crane aka Scarecrow ဖြစ်လာခဲ့ပါတယ်။
◼ Cillain Murphy ဟာ Christopher Nolan ရဲ့ Oppenheimer ရုပ်ရှင်မှာ အဓိကနေရာကနေ ပါဝင်ထားပါတယ်။
Ref: Variety
Harry ရေးသည်။
0 Comments