The Pope's Exorcist (2023) Honest Review
မေ ၅၊ ၂၀၂၃။
◼ ဒီ ဇာတ်ကားကို အကြည်မထွက်ခင်ထဲက စာအုပ်ဖတ်ထားတဲ့အတွက် စာအုပ်ထဲက အကြောင်းတွေနဲ့ Review လုပ်မလို့ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်လိုက်ပါဘူး။
◼ အမှန်အတိုင်းပြောရရင် ဒီသရဲကားဟာ သာမာန် သရဲနှင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အဲထက် မပိုပါဘူး။ ပြောရရင် The Exorcist တို့၊ The Rite တို့လို ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ သရဲနှင်တာကိုသာ အဓိကထားပြီးသွားတာဖြစ်ပါတယ်။
◼ အရင်ဆုံး ဒီ ဇာတ်ကားရဲ့ ကောင်းတဲ့အချက်လေးတွေပြောပါမယ်။ Father Gabriele Amorth အဖြစ် သရုပ်ဆောင်တဲ့ Russell Crowe က တကယ်ကို Weak မရှိတဲ့ ဘုန်းကြီးတစ်ပါးဆိုတာကို ကောင်းကောင်းကြီးပြသွားတာက အားရမိတဲ့အချက်ပါ။
◼ နောက်တစ်ချက်က Demon ဖြစ်တဲ့ အက်စ်မိုးဒီးယက်စ်ပါပဲ။ သူ Henry ကို စပူးထဲက Transform လုပ်သွားတဲ့ မျက်လုံးတွေ၊ Voice တွေ၊ Body Horror တွေက တော်တော်လေး လန်းပါတယ်။ မျက်လုံးထဲမှာ နောက်ထပ် နတ်ဆိုး မျက်လုံး တစ်လုံး ထပ်ပေါ်လာတာတို့ဆိုရင် Wow ဆိုပြီး ဖြစ်မိပါတယ်။
◼ နောက်အားရမိတဲ့ အချက်က Camera အယူအဆတွေနဲ့ Dark Theme မဟုတ်ပဲ Color ကို ပေါ့ပေါ့ပါးပါးလေးကို ကစားထားတာပါပဲ။ နောက်ပြီး ဗာတီကန်နဲ့ ဒီ ခရစ်ယာန် တို့ရဲ့ ဘာသာရေး စစ်ပွဲအကြောင်းတွေ နဲ့ ဇာတ်လမ်းတစ်ဝက်အထိက စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။
◼ မကောင်းတာ စပြောပါတော့မယ်။ Demon က ဘုန်းကြီးရွေးတာကြီးက တော်တော်လေး ကြည့်ရ အဆင်မပြေပါဘူး။ The Exorcist တို့ဆိုရင် ဝါရင့်တဲ့ ဘုန်းကြီး တစ်ပါးရောက်လာပြီးဖြေရှင်းတယ် ဇာတ်လမ်းကို အတွေးပေါင်းများစွာနဲ့ သိမ်းသွားတယ်။
◼ အခုဒီထဲမှာက Demon က သာမာန် အချိန်ဆို အေးဆေးနေပြီး လူတွေ အကုန်လုံးဝုန်းဒိုင်း ရောက်ချလာတာနဲ့ သူပါ လိုက်ပြီး ဝုန်းဒိုင်းလုပ်ပေးရမယ်ဆိုတဲ့ အထာကြီးဖြစ်နေပါတယ်။ အဲ့အချက်တော့မကြိုက်ပါဘူး။
◼ နောက်ပြီး Supernatural ထက်ကို ပိုပြီး မှော်ဆန်နေတယ်ပြောရမလား။ နောက်ဆုံး အခန်းတွေဆို Effect တွေကို မလိုအပ်ပဲ ရှယ်တွေသုံးထားသလို ဘုန်ကြီး တစ်ယောက်ပြီး တစ်ယောက်နဲ့ တရားတွေ ရ တိုင်တွေပတ်နေပါတော့တယ်။
◼ ဇာတ်လမ်းက တစ်ဝက်လောက်ပဲ စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကျန်တစ်ဝက်မှာတော့ လုံးဝ ဇာတ်လမ်းကြီးကို လျှော့ချပစ်လိုက်သလား ထင်ရလောက်အောင်ကိုလုပ်ချပစ်လိုက်ပါတယ်။
◼ ဒီ ဇာတ်ကားကိုတော့ ဒါရိုက်တာ Julius Avery ရိုက်ကူးခဲ့တာဖြစ်ပြီး Father Gabriele Amorth ရဲ့ ဖြစ်ရပ်မှန် “An Exorcist Tells his story” နဲ့ “An Exorcist More Story" တို့ကို အခြေခံပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။
◼ တကယ့်လက်တွေ့ဘဝက Father Gabriele Amorth ကတော့ ၂၀၁၆ တုန်းကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
◼ MVE Score: 6/10
John Snow ရေးသားသည်။
0 Comments