Breaking Bad ကိုရီးယား remake ကို Season လေးခုစာထုတ်လုပ်သွားမယ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
◼ Sony ကုမ္ပဏီနဲ့ AMC ရုပ်သံလိုင်းတို့ရဲ့ နာမည်ကျော် အမေရိကန် ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Breaking Bad ကို တောင်ကိုရီးယား ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုက remake ဇာတ်လမ်းတွဲတစ်ခုအဖြစ် ပြန်လည် ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
◼ Breaking Bad ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုအကြောင်းနဲ့ မူးယစ်ဂိုဏ်းရေးရာကိစ္စတွေ အကြောင်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အမေရိကန် ဇာတ်လမ်းတွဲသမိုင်းမှာ အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခုအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။
◼ တောင်ကိုရီးယားထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Park Bum Hoon နဲ့ ၎င်းရဲ့ထုတ်လုပ်ရေးကုမ္ပဏီ JP E&M တို့ဟာ Sony ဆီကနေ မူပိုင်ခွင့်ရယူပြီး Breaking Bad ကို ကိုရီးယား remake အဖြစ် ရိုက်ကူးထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။
◼ Breaking Bad ကိုရီးယား remake ကို ၂၀၁၆ ထုတ် ကိုရီးယားရုပ်ရှင် The Trick ရဲ့ ဒါရိုက်တာ Lee Chang-yeol က ရိုက်ကူးသွားမှာဖြစ်ပြီး Season လေးခုအထိထု တ်လုပ်သွားဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။ လက်ရှိမှာတော့ ထုတ်လုပ်ရေးစတင်ရန် ပြင်ဆင်နေတာဖြစ်ပြီး အမျိုးသားဇာတ်ဆောင်နေရာအတွက် သရုပ်ဆောင်တစ်ယောက်ကိုပါ ရှာဖွေနေပြီဖြစ်ကြောင်း CBR သတင်းအရသိရပါတယ်။
◼ Breaking Bad ဟာ Season ငါးခုပါတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး spin-off ဖြစ်တဲ့ Better Call Saul အပြင် El Camino ဆိုတဲ့ ရုပ်ရှင်တစ်ကားလည်း ထွက်ရှိထားပါသေးတယ်။
◼ တောင်ကိုရီးယားဟာ Better Call Saul နဲ့ El Camino တို့ကိုပါ remake ထုတ်မထုတ်ကိုတော့မသိရသေးပါဘူး။
Ref: CBR
McGarrett ရေးသည်။
0 Comments