Tom Cruise က ဟောလိဝုဒ်ကိုကယ်ခဲ့တယ် လို့ ဒါရိုက်တာ Steven Spielberg ပြောလာ
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
မင်းသား Tom Cruise ရဲ့ Top Gun: Maverick ရုပ်ရှင် လောကတစ်ခုလုံးကို ကယ်တင်ခဲ့တယ်လို့ ဝါရင့်ဒါရိုက်တာကြီး ဒါရိုက်တာ Steven Spielberg က ပြောလာပါတယ်။
◼ ဒီနှစ်မှာ အကောင်းဆုံး ပုံရိပ်တွေအဖြစ် လျှောက်လှမ်းလာခဲ့တဲ့ ဒါရိုက်တာ Steven Spielberg (The Fabelmans) နဲ့ Tom Cruise (Top Gun: Maverick) ဟာဆိုရင် လာမယ့် အော်စကာဆုပေးပွဲမှာ နေရာအသီးသီးရယူကြဖွယ်ရှိနေပါတယ်။
◼ ဒါရိုက်တာ Steven Spielberg က Tom Cruise ကို "ရုပ်ရှင်လောကတစ်ခုလုံးနဲ့ Hollywood ကို မင်း ကယ်တင်လိုက်တာကွ" လို့ ချီးကျူးပြောဆိုခဲ့တာကို ဒါရိုက်တာ Kartiki Gonsalves ရဲ့ Instagram Video ထဲမှာတွေ့လိုက်ရပါတယ်။
◼ Tom Cruise ထွက်ခွာသွားပြီး နောက်မှာလဲ Top Gun: Maverick က ရုပ်ရှင်လောကရဲ့ကယ်တင်ရှင်ပဲ လို့ဆက်ပြောခဲ့တာကိုလည်း အဲဒီဗွီဒီယိုထဲမှာတွေ့လိုက်ရပါသေးတယ်။
◼ Top Gun: Maverick ဟာဆိုရင် ကပ်ရောဂါ ကာလအတွင်းမှာ Spider-Man: No way Home ပြီးရင် ဒုတိယမြောက် ဝင်ငွေ အများဆုံးနဲ့ ကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိထားပြီး ကမ္ဘာတစ်ဝန်းမှာ အမြတ် အများဆုံးစာရင်းရဲ့ နံပါတ် ၁၁ နေရာကို ချိတ်ခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။
◼ ယခုအချိန်မှာဆိုရင် Top Gun: Maverick က အော်စကာ ၆ ဆု နဲ့ The Fabelmans က အော်စကာ ၆ ဆု အတွက် ဆန်ခါတင် အဆိုပြုခြင်းခံထားရပါသေးတယ်။
Ref: The A.V. Club
Nova ရေးသည်။
0 Comments