ရေပန်းစားနေတဲ့ Winnie the Pooh: Blood and Honey ရုပ်ရှင် ထင်သလောက်ရလဒ်မကောင်းဖြစ်နေ
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
◼ ရုပ်ရှင်ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ slasher ရုပ်ရှင် Winnie the Pooh: Blood and Honey ဟာ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃ ကနေစတင်ပြီး အမေရိကန်နဲ့နိုင်ငံအများစုမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။
◼ Winnie the Pooh: Blood and Honey ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာတစ်သိန်းခန့်သာအသုံးပြုထားပေမယ့် ရုံတင်ငွေပမာဏ ကန်ဒေါ်လာ ၁.၇ သန်းအထိ ရရှိနေပါတယ်။ သို့ပေမယ့်လည်း ဝေဖန်ရေးသမားတွေကတော့ Winnie the Pooh: Blood and Honey အပေါ် နှစ်သက်မှုမရှိကြတာကိုတွေ့ရပါတယ်။
◼ Winnie the Pooh: Blood and Honey ရဲ့ ဇာတ်လမ်းအပေါ်မှာအဓိကထောက်ပြနေတာကိုတွေ့ရတာပါ။ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ Rotten Tomatoes မှတ်တမ်းအရ Critic Score ၁၀ ရာခိုင်နှုန်းနဲ့ Audience Score ၆၁ ရာခိုင်နှုန်း ရရှိနေပါတယ်။
◼ နှစ်ပေါင်းများစွာ Disney လက်အောက်မှာရှိနေတဲ့ A. A. Milne ရဲ့ Winnie the Pooh ဇာတ်ကောင်တွေကို အများပိုင်အဖြစ်လုပ်လိုက်တဲ့နောက်မှာ ဒါရိုက်တာ Rhys Frake-Waterfield ဟာ ချစ်စရာ Winnie the Pooh ဇာတ်ကောင်တွေကို ကြောက်စရာ slasher ရုပ်ရှင် Winnie the Pooh: Blood and Honey အဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။
◼ Winnie the Pooh: Blood and Honey ဟာ Winnie the Pooh တို့ရဲ့ သူငယ်ချင်း Christopher Robin ဟာ Winnie the Pooh တို့ကိုထားခဲ့ပြီး ကောလိပ်ကျောင်းကိုတက်ခဲ့တဲ့အတွက် Winnie the Pooh နဲ့ Piglet တို့ဟာ အရိုင်းစိတ်ဝင်သွားပြီး ၎င်းတို့ရဲ့ Hundred Acres Wood တောထဲကိုဝင်လာသမျှလူသားတိုင်းကို သတ်ဖြတ်ပစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။
Ref: Rotten Tomatoes
0 Comments