Porpular

6/recent/ticker-posts

စမ်းသပ်ပြသမှုရလဒ်ဆိုးထွက်နေတဲ့ DC ရုပ်ရှင် Aquaman and the Lost Kingdom

စမ်းသပ်ပြသမှုရလဒ်ဆိုးထွက်နေတဲ့ DC ရုပ်ရှင် Aquaman and the Lost Kingdom

DC | ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

◼ ဒါရိုက်တာ James Wan တာဝန်ယူရိုက်ကူးထားပြီး မင်းသား Jason Momoa ပါဝင်ထားတဲ့ DC ရုပ်ရှင် Aquaman and the Lost Kingdom ဟာ ၂၀၂၃ ခရစ္စမတ်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

◼ ဒုတိယမြောက် Aquaman ရုပ်ရှင် Aquaman and the Lost Kingdom ကို ရုံမတင်ခင် စမ်းသပ်ပြသကြည့်တဲ့အခါမှာတော့ ရလဒ်ဆိုးထွက်ပေါ်လာကြောင်း CBR သတင်းအရ သိရှိရပါတယ်။

◼ Aquaman and the Lost Kingdom ရဲ့ စမ်းသပ်ပြသမှုကိုကြည့်ရှုလာတဲ့ Big Screen Leaks ဝက်ဘ်ဆိုက်က ရုပ်ရှင်ဝေဖန်ရေးသမား Jeff Sneider ကတော့ Aquaman and the Lost Kingdom ရဲ့ စမ်းသပ်ပြသမှုဟာအခြေအနေဆိုးကြောင်း၊ စမ်းသပ်ပြသမှုတစ်ခုမှာပါမလာသင့်တာတွေအများအပြားပါလာနေကြောင်းနဲ့ ရုံမတင်ခင်မှာ ပြင်သင့်တဲ့အခန်းတွေကိုအမြန်ဆုံးပြင်ရန်လိုအပ်ကြောင်း မှတ်ချက်ပြုထားပါတယ်။ ဒါ့အပြင် ViewerAnon ဆိုတဲ့ ဝေဖန်ရေးသမားတစ်ဦးကလည်း Aquaman and the Lost Kingdom ဟာ အဆိုးဆုံး DCEU ရုပ်ရှင်တွေထဲကတစ်ကားဖြစ်တယ်လို့ပြောထားပါသေးတယ်။

◼ သို့ပေမယ့် Aquaman and the Lost Kingdom ရဲ့ သက်ဆိုင်သူတွေဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

◼ တခြား DC နှစ်ကားဖြစ်တဲ့ Blue Beetle နဲ့ The Flash တို့ကတော့ စမ်းသပ်ပြသမှုအခြေအနေကောင်းမွန်နေပါတယ်။

◼ ပထမ Aquaman ရုပ်ရှင်ကတော့ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ သန်း ၂၀၀ ရှိပေမယ့်လည်း ရုံတင်ငွေ ကန်ဒေါ်လာ ၁.၁၄၉ ဘီလျံအထိရခဲ့ပါတယ်။

Ref: CBR

Sub-Zero ရေးသည်။



Post a Comment

0 Comments