Porpular

6/recent/ticker-posts

DC ရုပ်ရှင်သစ် The Flash ကို ၂၀၂၃ CinemaCon မှာ ပွဲကြိုပြသမယ်

DC ရုပ်ရှင်သစ် The Flash ကို ၂၀၂၃ CinemaCon မှာ ပွဲကြိုပြသမယ်


DC | ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

◼ ဇွန်လ၁၆ရက်နေ့မှာရုံတင်မယ်လို့ ကြေငြာထားတဲ့ DC ရဲ့ The Flash ရုပ်ရှင်သစ်ကို လာမယ့်ဧပြီလအတောအတွင်းမှာ ကျင်းပမယ့် ၂၀၂၃ CinemaCon ပွဲမှာ ပွဲကြိုရုံတင်ပြသမယ်လို့သိရပါတယ်။

◼ ကမ္ဘာအနှံ့က ရုပ်ရှင်ရုံပိုင်ရှင်တွေ တစ်နှစ်တစ်ခါတွေ့ဆုံကြတဲ့ CinemaCon ရုပ်ရှင်ညီလာခံပွဲကြီးမှာ The Flash ရုပ်ရှင်ကို ရုံတင်ဖို့ဆုံးဖြတ်ခဲ့တာဟာ ဘာအကြောင်းကြောင့်လဲဆိုတာမသေချာပေမယ့် The Flash ရုပ်ရှင်ရဲ့ ရုံဝင်ငွေကို သက်ရောက်မှုရှိလာမှာ ကျိန်းသေပါတယ်။

◼ ပြီးခဲ့တဲ့နှစ်ကတော့ Paramount ကုမ္ပဏီရဲ့ Top Gun: Maverick ရုပ်ရှင်အကြိုပြသပွဲကို CinemaCon မှာ ပြသခဲ့တာဖြစ်ပြီး ရုပ်ရှင်အမှန်တကယ်ရုံတင်တဲ့အခါမှာလည်း ကပ်ရောဂါကာလအတွင်းမှာတောင် ရုံဝင်ငွေဒေါ်လာ ၁.၅ဘီလျံကျော်ရရှိပြီး ရုံဝင်ငွေအများဆုံးရုပ်ရှင်စာရင်းထဲဝင်သွားပါသေးတယ်။

◼ The Flash ဟာ DC ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအများဆုံးရရှိနေပြီး DC Comic ဆိုင်ရာနာမည်ကြီးပြကွက်တချို့ကိုတွေ့ရမှာဖြစ်တဲ့အတွက် စောင့်မျှော်နေကြတာပါ။

◼ Cinema Con ပွဲကြီးကို ၂၀၂၃ ဧပြီလ ၂၄ရက်နေ့ ကနေ ၂၇ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂတ်စ်မြို့မှာကျင်းပသွားမှာပါ။

Ref: THR

ကိုခွေး ရေးသည်။



Post a Comment

0 Comments