Porpular

6/recent/ticker-posts

Gotham ကို နေ့ဘက်မှာ ဘယ်သူ ကာကွယ်ပေးလဲ

Gotham ကို နေ့ဘက်မှာ ဘယ်သူ ကာကွယ်ပေးလဲ

DC | မတ် ၂၆၊ ၂၀၂၃။

◼ ပုံမှန်ဆိုရင်တော့ Batman နဲ့ Bat Family တွေက ညဘက်တွေမှ လှုပ်ရှားကြတာများပါတယ်။ ဘာလို့လည်းဆိုတော့ နင်ဂျာတွေလို အရိပ်ကို မှီခိုပြီး ရန်သူတွေကို ခြောက်လန့်ရတာမျိုးတွေ လုပ်ရတဲ့အတွက် ညဘက်ပဲလှုပ်ရှားကြတာပါ။

◼ ဒါပေမယ့် နေ့ဘက်တွေမှာ Rank နိမ့်တဲ့ သူခိုး၊ ဂျပိုးတွေကို ရှင်းဖို့အတွက် နေ့ခင်းပိုင်း Hero တစ်ဦးကို Batman က Train ပေးပြီး ထားပေးထားပါတယ်။

◼ သူ့နာမည်ကတော့ Duke Thomas လို့ခေါ်ပြီး Hero Name ကတော့ The Signal လို့ခေါ်ပါတယ်။ Suit အနေနဲ့ အဝါရောင် ဖြစ်ပြီး Daredevil လို တုတ်ချောင်းနဲ့ Combat Skill တော်တော်များများ Robin တို့လို တက်ကျွမ်းတဲ့ Hero မျိုးဖြစ်ပါတယ်။

◼ နောက်ပိုင်းတော့ Combat Skill တွေ၊ တဖြည်းဖြည်းချင်းတက်လာလို့ Bat Family ရဲ့ Member ဝင်တစ်ဦးဖြစ်လာတဲ့အပြင် Batman ရဲ့ ယုံကြည်ရတဲ့ လူယုံတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။

◼ ဒါပေမယ့် Batman တောင်ဖြေရှင်းရခက်တဲ့ Villain တွေမျိုးကိုတော့ နှိမ်နှင်းနိုင်ခြင်းမရှိပေမယ့် Arkham ရဲ့ တစ်ချို့ Villain အကြီးတန်းတွေထဲက Bain, Mad Hunter နဲ့ Mr. Zsasz တို့လို Villain တွေကိုတော့ ရှင်းနိုင်တဲ့ထဲပါပါတယ်။

◼ Bat Family ဝင် ဖြစ်လာပြီး နောက်ပိုင်းတော့ နေ့ခင်းရော၊ ညတွေပါ Batman နဲ့ အတူ လူဆိုးတွေ နှိမ်နှင်းတဲ့ အလုပ်တွေ လုပ်လာပါတယ်။

◼ ဒါကတော့ Gotham ကို နေ့ခင်းပိုင်း တာဝန်ယူရတဲ့ The Signal ရဲ့ အကြောင်းဖြစ်လို့ စိတ်ဝင်စားမယ်လို့ မျှော်လင့်မိပါတယ်။ နောက်လည်း ကြိုးစားတင်ဆက်ပေးသွားမှာပါ။

John Snow ရေးသားသည်။



Post a Comment

0 Comments