Porpular

6/recent/ticker-posts

John Wick: Chapter 4 ရဲ့ မူရင်းကြာချိန်ဟာ သုံးနာရီကျော် လေးနာရီနီးပါး ကြာချိန်ရှိခဲ့

John Wick: Chapter 4 ရဲ့ မူရင်းကြာချိန်ဟာ သုံးနာရီကျော် လေးနာရီနီးပါး ကြာချိန်ရှိခဲ့

John Wick | မတ် ၂၃၊ ၂၀၂၃။

◼ လာမယ့် မတ် ၂၄ ရက်နေ့မှာ နိုင်ငံတကာရုပ်ရှင်ရုံတွေပေါ်ကိုရောက်ရှိလာတော့မယ့် John Wick: Chapter 4 ဟာ John Wick ရုပ်ရှင်တွေထဲမှာ ပြသချိန်အကြာဆုံးရုပ်ရှင်တစ်ကားဖြစ်ပြီး ပြသချိန် ၁၆၉ မိနစ် (၂ နာရီ ၄၉ မိနစ်) ကြာချိန်ရှိပါတယ်။

◼ သို့ပေမယ့် John Wick: Chapter 4 ရဲ့ မူရင်းကြာချိန်ဟာ ၃ နာရီ ၄၅ မိနစ်ကြာချိန်ရှိခဲ့​ကြောင်း ဒါရိုက်တာ Chad Stahelski နဲ့ တည်းဖြတ်သူ Nathan Orloff တို့ရဲ့မှတ်ချက်အရ သိရပါတယ်။

◼ IndieWire သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဒါရိုက်တာ Chad Stahelski နဲ့ တည်းဖြတ်သူ Nathan Orloff တို့ဟာ John Wick: Chapter 4 ရဲ့ မူရင်းကြာချိန်နဲ့ပတ်သက်ပြီးအတည်ပြုလာခဲ့သလို တည်းဖြတ်အဖွဲ့အနေနဲ့ ခက်ခက်ခဲခဲတည်းဖြတ်ခဲ့ရကြောင်းကိုပြောပြလာခဲ့ပါတယ်။

◼ ဒါရိုက်တာ Chad Stahelski ကတော့ "ကျွန်တော်တို့ရဲ့ ပထမ cut က ၃ နာရီ ၄၅ မိနစ်ရှိတယ်။ တကယ်လည်း ၃ နာရီ ၄၅ မိနစ် အပြည့်ပါသွားတယ်။ ကျွန်တော်တို့တော့တွေးမိတာက 'ဟ ဒုက္ခပဲဟေ့' လို့ပေါ့" လို့ ပြောပြလာပါတယ်။

◼ တည်းဖြတ်သူ Nathan Orloff ကလည်း "John ကို အားလုံးအလယ်ဆုံချက်တည့်တည့်မှာရှိစေချင်တာပါ၊ တည်းဖြတ်ရတဲ့အခါမှာတောင်မှ အကုန်လုံးကသူ့ဆီကိုပဲရောက်လာသလိုပေါ့။" လို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။

◼ John Wick: Chapter 4 ဟာ လက်ရှိပြသချိန် ၂ နာရီ ၄၉ မိနစ် ရှိပေမယ့်လည်း ဝေဖန်ရေးသမားတွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားနေပါတယ်။ ပြသချိန် ၃ နာရီ ၄၅ မိနစ်အတိုင်းသာ ပြသခဲ့မယ်ဆိုရင်တော့ ရလဒ်ဟာတစ်မျိုးပြောင်းလဲသွားရင်သွားနိုင်ပါတယ်။

◼ John Wick Chapter 1 ဟာ ပြသချိန် ၁၀၁ မိနစ် (၁ နာရီ ၄၁ မိနစ်)၊ John Wick: Chapter 2 ဟာ ပြသချိန် ၁၂၂ မိနစ် (၂ နာရီ ၂မိနစ်) နဲ့ John Wick Chapter 3: Parabellum ဟာ ပြသချိန် ၁၃၁ မိနစ် (၂ နာရီ ၁၁ မိနစ်) စီ ပြသချိန်ကိုယ်စီရှိခဲ့ပါတယ်။

◼ John Wick: Chapter 4 မှာ John Wick ဟာ High Table အဆင့်အထိလိုက်လံတိုက်ခိုက်ရတော့မှာဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့ကကြေးစားတွေနဲ့ပါရင်ဆိုင်ရမှာပါ။ 

◼ John Wick: Chapter 4 မှာ Ian McShane ကို Winston အဖြစ်၊ Lance Reddick ကို Charon အဖြစ်၊ Laurence Fishburne ကို The Bowery King အဖြစ် ပြန်တွေ့ရဦးမယ့်အပြင် It သရုပ်ဆောင် Bill Skarsgård ကို The Marquis အဖြစ်၊ Shamier Anderson ကို The Tracker အဖြစ်၊ Clancy Brown ကို The Harbinger အဖြစ် တွေ့ရဦးမှာပါ။ ဒါ့အပြင် ဟောင်ကောင်အက်ရှင်မင်းသား Donnie Yen ကိုလည်း Caine အဖြစ်၊ ဂျပန်အက်ရှင်သရုပ်ဆောင် Hiroyuki Sanada ကိုလည်း Shimazu အဖြစ် တွေ့ရဦးမယ့်အပြင် Boyka မင်းသား Scott Adkins, Rina Sawayama, Natalia Tena နဲ့ Daniel Kaluuya တို့လည်း ပါဝင်ထားပါသေးတယ်။

Ref: IndieWire

McGarrett ရေးသည်။



Post a Comment

0 Comments