Star Wars | မတ် ၂၃၊ ၂၀၂၃။
◼ Disney+ Marvel ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Ms. Marvel ရဲ့ ဒါရိုက်တာ Sharmeen Obaid-Chinoy ဟာ Star Wars ရုပ်ရှင်သစ်တစ်ကားကို တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။
◼ မူလက အဲဒီ Star Wars ရုပ်ရှင်သစ်ကို Watchmen ဇာတ်လမ်းတွဲရဲ့ဇာတ်ညွှန်းဆရာ Damon Lindelof နဲ့ Into the Badland ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဆရာ Justin Britt-Gibson တို့က ရေးသားပေးမှာဖြစ်ပေမယ့်လည်း ၎င်းတို့နှစ်ယောက်နှုတ်ထွက်သွားတဲ့အတွက် BBC ဇာတ်လမ်းတွဲ Peaky Blinders ရဲ့ ဖန်တီးသူ Steven Knight ကပဲ ရေးသားပေးသွားမှာဖြစ်ကြောင်း Variety သတင်းအရ သိရပါတယ်။
◼ အဲဒီ Star Wars ရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး အသေးစိတ်တစ်စုံတစ်ရာကို Lucasfilm ဘက်က တရားဝင်အတည်ပြုထားခြင်းမရှိသေးပါဘူး။
◼ မတ်လ ၈ ရက်နေ့ထုတ်ဆောင်းပါးတစ်ပုဒ်အရ Marvel Studios ဥက္ကဌ Kevin Feige တို့အဖွဲ့ ရိုက်ကူးမယ့် Star Wars ရုပ်ရှင်တစ်ကားနဲ့ Wonder Woman ဒါရိုက်တာ Patty Jenkins ရိုက်ကူးမယ့် Star Wars: Rogue Squardon တို့ကို Lucasfilm ဘက်က ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
◼ Lucasfilm ဟာ Kevin Feige နဲ့ Patty Jenkins တို့ရဲ့ Star Wars ရုပ်ရှင်တွေကို ထုတ်လုပ်ဖို့ပြင်ဆင်ခြင်းမလုပ်တော့ပဲ ဖျက်သိမ်းလိုက်ပေမယ့်လည်း Thor: Love and Thunder ဒါရိုက်တာ Taika Waititi ရဲ့ Star Wars ရုပ်ရှင်အပါအဝင် Ms. Marvel ဒါရိုက်တာ Sharmeen Obaid-Chinoy ရဲ့ Star Wars ရုပ်ရှင် နဲ့ တခြား Star Wars ရုပ်ရှင်တွေကိုတော့ ပြင်ဆင်တည်ဆောက်နေကြောင်း Variety သတင်းဌာနရဲ့ သတင်းဆောင်းပါးအရ သိရပါတယ်။
◼ အဆိုပါဆောင်းပါးအရ Taika Waititi ဟာ သူရိုက်ကူးမယ့် Star War ရုပ်ရှင်မှာ သူကိုယ်တိုင်ပါဝင်ဖို့အတွက် လမ်းစရှာနေကြောင်းလည်း သိရပါတယ်။
◼ Star Wars ပရိသတ်တွေအနေနဲ့ Star Wars မှာ ဘာတွေစီစဥ်နေလဲနဲ့ Skywalker Saga အပြီးမှာ ဘယ်လို Star Wars ရုပ်ရှင်တွေကိုကြည့်ရမလဲဆိုတာကတော့ လာမယ့် ဧပြီလမှာကျင်းပမယ့် Star Wars Celebration Europe convention မှာ သိရဖွယ်ရှိပါတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments