Porpular

6/recent/ticker-posts

Marvel Studio မှ Victoria Alonso ရဲ့ နှုတ်ထွက်မှုအပေါ် ထွက်ပေါ်လာသောအတွင်းသတင်းများ

Marvel Studio မှ Victoria Alonso ရဲ့ နှုတ်ထွက်မှုအပေါ် ထွက်ပေါ်လာသောအတွင်းသတင်းများ

မတ် ၂၃၊ ၂၀၂၃။

◼ Marvel Studios မှာ နှစ်ပေါင်း ၁၇ နှစ်ကြာအောင် အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တဲ့ အာဂျင်တီးနားထုတ်လုပ်သူ Victoria Alonso ဟာ မတ် ၁၇ ရက်နေ့မှာ ၎င်းရဲ့တာဝန်နဲ့ရာထူးကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

◼ Victoria Alonso ဟာ ​၂၀၂၃ အော်စကာမှာ ဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985 ရဲ့ ထုတ်လုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အော်စကာအပြီး ရက်ပိုင်းအကြာမှာ Marvel Studios ရဲ့ physical production, post-production, VFX နဲ့ animation တို့ကို တာဝန်ယူထားရတဲ့ အကြီးတန်းအရာရှိ Victoria Alonso ဟာ အလုပ်ကနေထွက်ခဲ့တဲ့အကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

◼ များစွာသောသတင်းတွေအရ Victoria Alonso ဟာ နှုတ်ထွက်တာမဟုတ်ပဲ ထုတ်ပယ်ခံရတာဖြစ်ကြောင်းသိရပါတယ်။

◼ Variety သတင်းဌာနရဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ Victoria Alonso ကို Disney Entertainment ရဲ့ ပူးတွဲဥက္ကဌ Alan Bergman အပါအဝင် အမှုဆောင်အရာရှိအများအပြားနဲ့ Disney ရဲ့ human resources နဲ့ ဥပဒေရေးရာဌာနတို့က ထုတ်ပယ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Marvel Studios ဥက္ကဌ Kevin Feige ဟာ Victoria Alonso ရဲ့ ထုတ်ပယ်ခံရမှုကြောင့် ဘေးကြပ်နံကြပ်ဖြစ်ခဲ့ပြီး ဝင်ရောက်ပါဝင်ခြင်းမပြုခဲ့ဘူး လို့ အဆိုပါသတင်းအရသိရပါတယ်။

◼ IndieWire သတင်းဌာနကိုပြောပြလာတဲ့ Marvel Studios ရဲ့ VFX သတင်းရင်းမြစ်နှစ်ခုအရ Victoria Alonso လက်အောက်မှာ အရည်အသွေးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်ဖို့ခက်ခဲလာကြောင်းနဲ့ ၎င်းတို့အနေနဲ့ရှက်မိကြောင်း၊ Victoria Alonso ဟာ အချိန်ကြာလာလေလေ ဝန်ထမ်းများနဲ့ သဟဇာတဖြစ်မှုနည်းလာလေလေဖြစ်ကြောင်း သိရပါတယ်။

◼ အထက်ဖော်ပြပါအကြောင်းအရာအတွက် Disney နဲ့ Marvel Studios ဘက်က တရားဝင်ထုတ်ပြန်အတည်ပြုခြင်းမရှိသလို Victoria Alonso ရဲ့ ပြောရေးဆိုခွင့်ရှိသူဘက်ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ထားပါတယ်။

Ref: Variety

McGarrett ရေးသည်။



Post a Comment

0 Comments