Porpular

6/recent/ticker-posts

ဟောင်ကောင်နဲ့ မကာအိုမှာ ပြသခွင့်မရတဲ့ Winnie the Pooh: Blood and Honey

ဟောင်ကောင်နဲ့ မကာအိုမှာ ပြသခွင့်မရတဲ့ Winnie the Pooh: Blood and Honey

မတ် ၂၃၊ ၂၀၂၃။

◼ လက်ရှိနာမည်ကြီးနေတဲ့ ဘတ်ဂျက်နည်း ဗြိတိန် slasher ရုပ်ရှင်တစ်ကားဖြစ်တဲ့ Winnie the Pooh: Blood and Honey ဟာ ကောင်ကောင်နဲ့ မကာအိုမှာ ပြသခွင့်ရရှိမှာမဟုတ်ပါဘူး။

◼ Winnie the Pooh: Blood and Honey ဟာ ဟောင်ကောင်ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ခွင့်ပြုမှုကိုရခဲ့ပြီး ဒီကနေ့ မတ် ၂၃ မှာ ဟောင်ကောင်နဲ့ မကာအိုမှာ ပြသဖို့စီစဥ်ထားပေမယ့်လည်း ပြသခွင့်မရခဲ့ကြောင်း ဟောင်ကောင်ရုပ်ရှင်ဖြန့်ချိပြသရေးကုမ္ပဏီ VII Pillars Entertainment က ၎င်းတို့ရဲ့တရားဝင် Facebook စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

◼ VII Pillars Entertainment ဟာ Winnie the Pooh: Blood and Honey ကို ပြသမှာမဟုတ်ကြောင်းကြေညာခဲ့ပေမယ့် ဘာကြောင့်မပြသရလဲဆိုတာကိုတော့ ကြေညာခြင်းမရှိခဲ့ပါဘူး။

◼ Winnie the Pooh: Blood and Honey ဒါရိုက်တာ Rhys Frake-Waterfield ကတော့ ဟောင်ကောင်မှာ Winnie the Pooh: Blood and Honey ကို ပြသခွင့်ရခဲ့ပြီးကာမှ ရုတ်တရက်ပြသခြင်းမပြုတော့တာဟာ တိုက်ဆိုင်တာမဖြစ်နိုင်ကြောင်း Reuters သတင်းဌာနနဲ့အင်တာဗျူးမှာ မှတ်ချက်ပြုထားပါတယ်။

◼ တရုတ်အရေးလှုပ်ရှားသူတွေဟာ တရုတ်သမ္မတရှီကျင့်ဖျင်ကို Winnie the Pooh ထဲက ဝက်ဝံကလေး Pooh နဲ့ ခိုင်းနှိုင်းလှောင်ပြောင်ကျီဆယ်ကြလေ့ရှိတဲ့အတွက် ဒါဟာနိုင်ငံရေးနဲ့သက်ဆိုင်တယ် လို့ အများစုကသုံးသပ်နေကြပါတယ်။

◼ ပြီးခဲ့တဲ့ ၂၀၁၃ မှာ သမ္မတရှီကျင့်ဖျင်နဲ့ ကန်သမ္မတဟောင်း ဘားရတ်အိုဘားမားတို့ တွေ့ဆုံကြပုံကို တရုတ်အရေးလှုပ်ရှားသူများက Winnie the Pooh ဇာတ်ကောင်တွေဖြစ်တဲ့ Pooh နဲ့ Tigger တို့နဲ့ ခိုင်းနှိုင်းပြီးကျီစယ်ခဲ့ကြပါတယ်။




◼ နှစ်ပေါင်းများစွာ Disney လက်အောက်မှာရှိနေတဲ့ A. A. Milne ရဲ့ Winnie the Pooh ဇာတ်ကောင်တွေကို အများပိုင်အ​ဖြစ်လုပ်လိုက်တဲ့နောက်မှာ ဒါရိုက်တာ Rhys Frake-Waterfield ဟာ ချစ်စရာ Winnie the Pooh ဇာတ်ကောင်တွေကို ကြောက်စရာ slasher ရုပ်ရှင် Winnie the Pooh: Blood and Honey အဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။

◼ Winnie the Pooh: Blood and Honey ဟာ Winnie the Pooh တို့ရဲ့ သူငယ်ချင်း Christopher Robin ဟာ Winnie the Pooh တို့ကိုထားခဲ့ပြီး ကောလိပ်ကျောင်းကိုတက်ခဲ့တဲ့အတွက် Winnie the Pooh နဲ့ Piglet တို့ဟာ အရိုင်းစိတ်ဝင်သွားပြီး ၎င်းတို့ရဲ့ Hundred Acres Wood တောထဲကိုဝင်လာသမျှလူသားတိုင်းကို သတ်ဖြတ်ပစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။

Ref: BBC

Sub-Zero ရေးသည်။ 




Post a Comment

0 Comments