နာမည်ကျော်သရုပ်ဆောင်သုံးယောက်ပါဝင်မယ့် Paul Thomas Anderson ရုပ်ရှင်သစ်
မတ် ၂၃၊ ၂၀၂၃။
◼ There Will Be Blood, Hard Eight, The Master နဲ့ Licorice Pizza တို့ရဲ့ ဒါရိုက်တာ Paul Thomas Anderson ဟာ နောက်ထပ်ရုပ်ရှင်ကားသစ်အတွက် ပြင်ဆင်နေပါတယ်။
◼ အဲဒီရုပ်ရှင်မှာ ဟောလိဝုဒ်က နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Viggo Mortensen, Leonardo DiCaprio နဲ့ Joaquin Phoenix တို့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် အမျိုးသမီးသရုပ်ဆောင်တွေဖြစ်တဲ့ Regina Hall နဲ့ Rachel Taylor တို့လည်း ပါဝင်သွားကြမှာပါ။
◼ Viggo Mortensen ဟာ Peter Jackson ရဲ့ Lord of the Rings သုံးကားတွဲမှာ Aragorn အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Leonardo DiCaprio ကတော့ Titanic, Shutter Island, Inception, The Departed, Once Upon A Time.. In Hollywood စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ အဓိကပါဝင်ခဲ့တဲ့သရုပ်ဆောင်ဖြစ်ပါတယ်။ Joaquin Phoenix ကတော့ Joker, Gladiator, The Master စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။
◼ အဲဒီရုပ်ရှင်ကားသစ်ဟာ ယခုနှစ်ထဲမှာစတင်ရိုက်ကူးနိုင်ဖွယ်ရှိပြီး ၂၀၂၄ မှာ ပြသဖို့ရည်ရွယ်ထားတာပါ။ ဇာတ်လမ်းအသေးစိတ်ကိုတော့မသိရသေးပေမယ့် မိန်းမငယ်တစ်ယောက်ကို ကိုယ်ခံပညာရပ်သင်ကြားပေးတဲ့ဇာတ်လမ်းမျိုးဖြစ်တယ်လို့ ကနဦးသိရပါတယ်။
Ref: Production Weekly
Sub-Zero ရေးသည်။
0 Comments